Trending Now

ကော့သောင်းမြို့က ရွှေဝက်ဝံတံတားနားမှာရှိတဲ့ ငါးဖမ်းစက်လှေ (၃) စီး မီးကူးစက်လောင်ကျွမ်းခဲ့ရာ အမျိုးသား (၁) ဦး သေဆုံး

Spread the love

ကော့သောင်းမြို့က ရွှေဝက်ဝံတံတားနားမှာရှိတဲ့ ငါးဖမ်းစက်လှေ (၃) စီး မီးကူးစက်လောင်ကျွမ်းခဲ့ရာ အမျိုးသား (၁) ဦး သေဆုံး

EPN
ကော့သောင်း၊ သြဂုတ် ၉

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်၊ ရွှေဝက်ဝံ တံတားအနီး၌ ဆိုက်ကပ်ထား သော ငါးဖမ်းစက်လှေ (၃)စီး မနေ့က မီးကူးစက်လောင်ကျွမ်းခဲ့ရာ အမျိုးသား (၁)ဦး သေဆုံးခဲ့တယ်လို့ မီးသတ်ဌာနဆီက သိရပါတယ်။

ဖြစ်စဉ်မှာ မနေ့က မွန်းလွဲ ၁ နာရီခွဲခန့်အချိန်တွင် ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်၊ ရွှေဝက်ဝံတံတား အနီး၌ ဆိုက်ကပ်ထားသော အဏ္ဏဝါရပ်ကွက်နေ ဦးစိုးလွင် ပိုင်ဆိုင်သော ငါးဖမ်းစက်လှေ ၅ စီးအနက်မှ ထက် ထက်ပိုင်-၂၇ အမည်ရှိ ဝါးလတ်ငါးဖမ်း စက်လှေသည် မီးလိုင်းများပြုပြင်စဉ် လျှပ်စစ်ဝါယာရှော့ဖြစ်ရာမှ တစ် ဆင့် စတင်မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး အနီးရှိ ငါးဖမ်းစက်လှေ ၂ စီး မီးကူးစက်လောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အဲ့ဒီ မီးလောင်ကျွမ်းမှု ဖြစ်ပေါ်ခဲ့သည့်နေရာသို့ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော် သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုကူညီရေးအဖွဲ့များက ဒေသခံပြည်သူများနှင့် စု ပေါင်း၍ မီးသတ်ယာဉ် ၈ စီးတို့ဖြင့် ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ရာ နေ့လယ် ၂ နာရီခွဲခန့်တွင် မီးငြိမ်းသွားခဲ့ပြီး မီး လောင်မှုကြောင့် အမျိုးသား ၁ ဦး၊ မီးလောင်သေဆုံးခဲ့ပြီး အမျိုးသား ၄ ဦး မီးလောင်ဒဏ်ရာတွေ ရခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် မီးလောင်ဒဏ်ရာရရှိခဲ့သူများအား ကော့သောင်းမြို့ရှိ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ လိုအပ်သည့် ဆေးဝါးကု သမှုများ ခံယူနေတယ်လို့ သိရပါတယ်။

သွန်းသွန်း

ဓာတ်ပုံ ၊ ကော့သောင်း မီးသတ်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။