Trending Now

ISIS နောက်ဆုံးခံတပ်က တပ်သား ၃၀၀၀ ကျော် လက်နက်ချ

Spread the love

ISIS နောက်ဆုံးခံတပ်က တပ်သား ၃၀၀၀ ကျော် လက်နက်ချ 

EPN
နိုင်ငံတကာ၊ မတ် ၁၅

ဆီးရီးယား နိုင်ငံရဲ့ Baghouz မြို့က IS အစ္စာလာမ်မစ်စစ်သွေးကြွ တွေရဲ့ နောက်ဆုံးအခြေစိုက်စခန်းကို အမေရိကန်နဲ့ဆီးရီးယား ဒီမိုကရက်တစ် တပ်ပေါင်းစု (SDF) ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့်IS အဖွဲ့ဝင်ထောင်ချီ ယမန်နေ့ လက်နက်ချအညံခံခဲ့ပါတယ်။

IS စစ်သွေးကြွအဖွဲ့ရဲ့ နောက်ဆုံးစခန်းတွေအပေါ် လက်နက်ကြီးတွေ ဒုံးကျည်တွေ ထိမှန်ပေါက်ကွဲနေတာကြောင့် စစ်သွေးကြွအဖွဲ့တွေ အထိနာခဲ့ရပါတယ်။ 

လက်နက်ချလာတဲ့ အိုင်စစ်တပ်ဖွဲ့ဝင်တွေဟာ အစာရေစာ ပြတ်နေပြီး အရိုးပေါ်အရေးတင် ပုံစံမျိုးရှိနေပြီး သူတို့အတွက် ရွေးစရာလမ်းမရှိတော့ဘူး လို့ တပ်ပေါင်းစုအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မိုစတာဖါ ဘလီ ကပြောပါတယ်။ အစ္စာလာမ်မစ်နိုင်ငံတည်ထောင်နိုင်ဖို့ IS အဖွဲ့ဟာ ပြီးခဲ့တဲ့ ၁၀ စုနှစ်အတွင်းဆီးရီးယား၊ နဲ့အီရတ်နိုင်ငံတို့တိုက်ခိုက်ခဲ့တဲ့အပြင် အသေခံဗုံးခွဲတိုက်ခိုက်မှုတွေလည်းဆက်တိုက်လုပ်ခဲ့ပါတယ်။

အမေရိကန် နဲ့ ဆီးရီးယားဒီမိုကရက်တစ် တပ်ပေါင်းစုဟာ ပြီးခဲ့တဲ့နှစ်တည်းက ဆီးရီးယားရှိ IS အဖွဲ့တွေကို အရှိန်မြင့် တိုက်ခိုက်ခဲ့ရာ IS အဖွဲ့တွေ ဟာ ပိုင်နက် နယ်မြေတွေ တဖြည်းဖြည်းပြန်စွန်လွတ်ခဲ့ရတယ်လို့သိရပါတယ်။

————————————————————– 

ISIS နောကျဆုံးခံတပျက တပျသား ၃၀၀၀ ကြောျ လကျနကျခြ

EPN






Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။