Trending Now

တနိုင်း-မြစ်ကြီးနား လမ်းပိုင်းပျက်စီးနေပြီး ကားသွားလာရန်ခက်ခဲနေသည့်အတွက် ကုန်ဈေးနှုန်းများ ထပ်မံမြင့်တက်လာမည်ကို တနိုင်းဒေသခံများစိုးရိမ်

Spread the love

တနိုင်း-မြစ်ကြီးနား လမ်းပိုင်းပျက်စီးနေပြီး ကားသွားလာရန်ခက်ခဲနေသည့်အတွက် ကုန်ဈေးနှုန်းများ ထပ်မံမြင့်တက်လာမည်ကို တနိုင်းဒေသခံများစိုးရိမ်

EPN

မြစ်ကြီးနား၊ စက်တင်ဘာ ၆

ကချင်ပြည်နယ်၊ မြစ်ကြီးနားနှင့် တနိုင်းကြားရှိ လမ်းပိုင်းအချို့သည် ပျက်စီးနေသည်မှာ လဝက်နီးပါးခန့်ရှိနေပြီး ကုန်တင်ကားများနှင့် ခရီးသည်တင်ကားများသွားလာရန်ခက်ခဲနေသည့်အတွက် ကုန်ဈေးနှုန်းများ ထပ်မံမြင့်တက်လာမည်ကို တနိုင်းဒေသခံများ စိုးရိမ်နေကြောင်း သိရသည်။

“အခုရက်ပိုင်းကကုန်ဈေးနှုန်းတွေ အရမ်းမြင့်တက်နေတာ အခုဆို လမ်းတွေကပျက်ရင်တော့ဘယ်လိုလုပ်တော့မှာလဲ ပစ္စည်းတွေကအဝင်မရှိတော့ ရှိနေတဲ့ကုန်ပစ္စည်းတွေကဈေးထပ်တက်တော့မှာလေ၊အခုဆိုဆန်ကြမ်းတစ်အိတ်တောင် တစ်သိန်းနီးပါးရှိနေပြီ၊ ပေါ်ဆန်းမွှေးဆိုတစ်အိတ်ကို တစ်သိန်းကျော်တယ်၊ စားဆီဆိုလည်းတစ်ပိသာကို တစ်သောင်းခွဲ၊ ဓာတ်ဆီဆိုလည်းလီတာဗူးနဲ့မရတော့ဘူးတစ်ဂါလံနဲ့ဝယ်ရတာ၊နှစ်သောင်းနီးပါးပေးရတယ်” တနိုင်းဒေသခံတစ်ဦးက ပြောသည်။

လက်ရှိ တနိုင်းနှင့်ဇဒူးဇွပ်ကြားရှိ ကြာဘိုတောင်အနီးလမ်းပိုင်းသည် မိုး‌ရေတိုက်စား၍ လမ်းတစ်ဝက်နီးပါး ပြိုကျခဲ့ပြီး ယင်းလမ်းပိုင်း ပျက်စီးနေသည့်မှာ တစ်ပတ်ကျော်ရှိပြီဖြစ်သော်လည်း ပြန်လည်ပြုပြင်ခြင်းမရှိသေးသည့်အတွက် ကားများဖြတ်သန်းသွားလာရန်အချိန်ကြာမြင့်ခြင်းရှိသည့်အပြင် ပြုပြင်ခြင်းမရှိပါက ပို၍ပျက်စီးနိုင်ပြီး ကားများသွားလာခြင်းကို ရပ်နားရနိုင်ကြောင်း တနိုင်းမြစ်ကြီးနားကြား ယာဉ်မောင်းတစ်ဦးထံမှ သိရသည်။

“မြစ်ကြီးနားဘက်‌ကနေသွားရင် ရှဒူးဇွပ်ကျော်တယ် ကြာဘိုတောင်နားမှာပဲပျက်နေတာကြာပြီ တစ်ပတ်တောင်မကတော့ဘူး ဘယ်သူမှလည်းမပြင်ကြဘူး ကားသမားတွေဝိုင်းပြင်ရအောင်လည်း လုပ်နိုင်တဲ့အခြေအနေမဟုတ်ဘူး၊ ပစ္စည်းကိရိယာအစုံနဲ့ စက်ကြီးတွေနဲ့မှပြင်လို့ရတာ၊ အခုတောင်အသက်စွန့်သွားနေရသလိုပေါ့၊ ကားတစ်စီးစာလေးပဲကျန်တာအဲ့ဒီနားဖြတ်ဖို့ကို အတော်စဉ်းစားပြီးဖြတ်ရတာ၊ ကြာလာရင်တော့မရဘူး အကုန်လုံးပြိုသွားမှာ၊ ကားတွေသွားလာတာတောင်ရပ်နားရတော့မှာ”ဟု ယဉ်မောင်းတစ်ဦးက ပြောသည်။

ယင်းအပြင် တနိုင်းမြစ်ကြီးနားသွားလမ်းပိုင်းတွင် မိုးရွာသွန်းမှုများကြောင့် ဩဂုတ် ၈ ရက်နေ့က ဝါရာဇွပ်နှင့် နောင်းမီကြားပျက်စီးခဲ့ပြီး၊ ဩဂုတ် ၂၉ ရက်နေ့တွင်လည်း နောင်းမီနှင့်ယုဇနကုမ္ပဏီကြားလမ်းပိုင်းပျက်စီးခဲ့ပြီး မကြာခဏပျက်စီးမှုများ ရှိနေသည့်အတွက် လမ်းပိုင်းအား သက်ဆိုင်ရာမှ အမြန်ဆုံးပြုပြင်ပေးစေလိုကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ကားတွေမဝင်နိုင်ရင်တော့ ကုန်ဈေးနှုန်းက တက်လာမှာပဲ လမ်းပိုင်းကလည်း မပြုပြင်ပဲထားရင် ပိုဆိုးလာမှာ အဲ့ဒါကြောင့် တာဝန် တာဝန်ရှိသူတွေအနေနဲ့အမြန်ဆုံးပြုပြင်ပေးစေချင်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။