Trending Now

အတိုက်အခံခေါင်းဆောင်များကို ကွက်မျက်ရန် န.စ.က ထုတ်ပြန်ချက်အား ပြင်းထန်စွာရှုတ်ချကြောင်း အမေရိကန်သံရုံး ထုတ်ပြန်

Spread the love

အတိုက်အခံခေါင်းဆောင်များကို ကွက်မျက်ရန် န.စ.က ထုတ်ပြန်ချက်အား ပြင်းထန်စွာရှုတ်ချကြောင်း အမေရိကန်သံရုံး ထုတ်ပြန်

EPN
မြစ်ကြီးနား၊ ဇွန် ၆

ဒီမိုကရေစီလိုလားသည့် အတိုက်အခံခေါင်းဆောင်များကို ကွပ်မျက်ရန် မြန်မာစစ်အာဏာရှင်အဖွဲ့အစည်း၏ သတင်းထုတ်ပြန်ချက်အား အမေရိကန်ပြည်ထောင်စုက ပြင်ထန်စွာရှုတ်ချကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင်ရှိသူ နက်ဒ် ပရိုက်စ် က ယနေ့ ထုတ်ပြန်ထားသည်။

ကွက်မျက်ရန် သတင်းထုတ်ပြန်ချက်သည် စစ်အာဏာရှင်အဖွဲ့အစည်းက လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေးကို ဂရုမစိုက်ကြောင်း သာဓကပြလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် မတရားဖမ်းဆီးထိန်းသိမ်းထားသူများအားလုံးကို ပြန်လွှတ်ပေးရန် အမေရိကန်ပြည်ထောင်စုက တောင်းဆိုကြောင်း ထည့်သွင်းဖော်ပြထားသည်။

အလားတူ ပြင်သစ်သံရုံးကလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဖြိုးဇေယျာသော်တို့ အပါအဝင် လူလေးဦးကို ကွပ်မျက်ရန် ဆုံးဖြတ်ကြောင်း ကြေညာချက်ကို ပြင်သစ်နိုင်ငံမှ ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ဇွန်လ ၄ ရက်နေ့က ထုတ်ပြန်ထားသည်။

ဝလုံး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။