Trending Now

ထော်လာဂျီယာဉ်နှင့် ဆိုင်ကယ် မျက်နှာခြင်းဆိုင် တိုက်မိ တစ်ဦးသေဆုံး

Spread the love

ထော်လာဂျီယာဉ်နှင့် ဆိုင်ကယ် မျက်နှာခြင်းဆိုင် တိုက်မိ တစ်ဦးသေဆုံး

EPN
မိုးကောင်း၊ မေ ၆

မိုးကောင်းမြို့ ဈေးကုန်းရပ် မိုးကောင်းခန်းမလမ်းဆုံထောင့်တွင် မေလ၅ ရက် ညပိုင်းက ထော်လာဂျီယာဉ်နှင့် ဆိုင်ကယ် မျက်နှာခြင်းဆိုင် တိုက်မှုဖြစ်ပွားပြီး တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ် မိုးကောင်းမြို့ ဈေးကုန်းရပ် ပြည်ထောင်စုလမ်းမကြီးနှင့် အောင်ဆန်းလမ်းဆုံရာ မိုးကောင်းခန်းမ လမ်းဆုံထောင့်တွင် မေ ( ၅)ရက် ည(၇)အချိန်ခန့်က ပြည်ထောင်စု လမ်းမကြီးအတိုင်း မြောက်မှ‌တောင်ဘက်သို့ ဝင်းတင့်(၄၆)နှစ် မောင်းနှင်လာသော ထော်လာဂျီယာဉ်သည် လက်ဝဲဘက်သို့ ဖြတ်ကွေ့စဉ် ဆန်းလင်းမောင်(၄၀)နှစ် မောင်းနှင်၍ ဝင်းမင်းစိုး(၁၈)နှစ် နောက်ထိုင်လိုက်ပါသော KENBO-125 ဆိုင်ကယ်နှင့်တိုက်မိခဲ့ရာ ဆိုင်ကယ်မောင်းနှင်သူ ဆန်းလင်းမောင်သည် နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ခြင်း ဖြစ်သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ထော်လာဂျီမောင်းနှင်သူ အသက် ၄၆နှစ်အရွယ် ဦးဝင်းတင့် ဆိုသူ အား မိုးကောင်းမြို့မရဲစခန်းမှ ဥပဒေအရ အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

ချိုမောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။