Trending Now

ဆင်ဘိုဒေသဘက်ရှိ လူငယ်(၅)ဦးကို KIA မှဖမ်းဆီးခေါ်ဆောင်

Spread the love

ဆင်ဘိုဒေသဘက်ရှိ လူငယ်(၅)ဦးကို KIA မှဖမ်းဆီးခေါ်ဆောင်

EPN

မြစ်ကြီးနား၊ ဖေဖော်ဝါရီလ ၁၃

ကချင်ပြည်နယ် ဆင်ဘိုဒေသ ညောင်ပင်သာသစ် ကျေးရွာရှိ အသက် (၂၀)နှစ်အထက် လူငယ် (၅)ဦးကို ဖေဖော်ဝါရီလ (၇)နေ့ ည(၈)နာရီခန့်က KIAမှနေအိမ်များတွင် လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

(၇)ရက်နေ့က သူတို့တွေရွာထဲဝင်ပြီး ဖမ်းဆီးတာတွေလုပ်ကြတယ်၊ အကြောင်းအရင်းမေးတော့ မူးယစ်ဆေးဝါးပြတ်အောင်လုပ်ပေးမယ် ဒါကြောင့်လာခေါ်တယ် အဲ့လိုပြောတယ်၊ အဖွားရဲ့သားက ဆေးလိပ်တောင်မသောက်ဘူး၊ ပြောလဲမရဘူး၊ ထဆိုပြီး လက်နှစ်ဖက်ကိုနောက်ကိုပစ်ပြီး ကြိုးနဲ့ချီသွားကြတယ်၊” ဟု ဒေသခံတစ်ဦးကပြောသည်။

အဆိုပါဖမ်းဆီးခံရသည့်လူငယ်(၅)ဦးမှာ အသက်(၂၀)နှစ်အထက်လူငယ်များဖြစ်ကာ အမျိုးသမီးငယ် တစ်ဦးလည်းပါဝင်နေပြီး ယနေ့အချိန်အထိ အဆက်အသွယ်ပြုလုပ်ခွင့်မရရှိသေးကြောင်းသိရသည်။

အဆိုပါ ဖမ်းဆီးခံရသည့်လူငယ်(၅)ဦးအပြင် အသက်(၄၅)နှစ်ခန့်ရှိသည့် လူကြီး(၂)ဦးကို လည်းဖမ်းဆီးခေါ်ဆောင်သွာခဲ့ပြီး ယင်းလူကြီး(၂)ဦးကိုတော့ပြန်လည်လွတ်ပေးခဲ့ကြောင်းသိရသည်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။