Trending Now

အနိမ့်ဆုံးလုပ်ခ ဘတ် ၆၀၀ ပေးဖို့ ဘန်ကောက်မှာ မြန်မာ အလုပ်သမားတွေ ဆန္ဒပြ

Spread the love

အနိမ့်ဆုံးလုပ်ခ ဘတ် ၆၀၀ ပေးဖို့ ဘန်ကောက်မှာ မြန်မာ အလုပ်သမားတွေ ဆန္ဒပြ

EPN
နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၁

ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာလုပ်သားတွေက အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမားများ နေ့မှာ အနိမ့်ဆုံးလုပ်အားခ တစ်ရက်ကို ဘတ် ၆၀၀ တိုးမြင့်ပေးဖို့ နဲ့ လုပ်သားအခွင့်အရေးကို အလေးထားဖို့ ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

“Bright Future” အဖွဲ့အမည်နဲ့ မြန်မာလုပ်သား ၁၀၀ ကျော်ဟာ ဒီဇင်ဘာ ၁၈ ရက်နေ့ နေ့လည် ၂ နာရီခန့်က ဘန်ကောက်မြို့မှာရှိတဲ့ မြန်မာနိုင်ငံသံရုံးအပြင်ဘက်မှာ စုဝေးခဲ့ကြပြီး ရွှေ့ပြောင်းလုပ်သားတွေရဲ့ အခွင့်အရေးကို အလေးထားဖို့ တောင်းဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ ခက်ခဲပြီး အန္တရာယ်ရှိပေမယ့် အခငွေကြေး အနည်းငယ်သာရရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အများစုလုပ်ကိုင်နေကြရတဲ့အတွက် ထိုင်းလူအဖွဲ့အစည်းက မှန်ကန်စွာပေးဆောင်သင့်တယ်လို့ ပြောပါတယ်။

“တကယ်ဆိုရင် ထိုင်းမှာ မြန်မာအလုပ်သမားတွေက တနေ့ကို ၃၃၅ ဘတ်ကနေ ၃၅၀ လောက်ရနိုင်တယ်။ ဒါပေမယ့် မြန်မာလူမျိုးတွေက တနေ့ကို ဘတ် ၁၀၀ ကနေ ၂၀၀ လောက်ပဲ ရကြတယ်။ တစ်ချို့က တစ်နေ့ကို ဘတ် ၃၅၀ ဝင်ငွေရှိပေမယ့် အဲဒီလူက လူတစ်စုပဲရှိတယ်။ အလုပ်ရှင်တွေက လူမှုဖူလုံရေးရန်ပုံငွေအတွက် ကျွန်တော်တို့ရဲ့ ဝင်ငွေကို ဖြတ်တောက်တာတွေရှိခဲ့ပေမယ့် အဲ့ဒီငွေကို ဘယ်သူကမှ မရရှိဘူးပါဘူး။” လို့ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့သူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် သွားရေးလာရေး၊ နေထိုင်းငှားရမ်းခ နဲ့ လိုအပ်တဲ့ ပစ္စည်းတွေကို ဝယ်ယူနိုင်ဖို့ လက်ရှိရတဲ့ ငွေနဲ့ မလုံလောက်တဲ့အတွက် အနိမ့်ဆုံးလုပ်အားခ တစ်ရက်ကို ဘတ် ၆၀၀ တိုးမြင့်ပေးသင့်တယ်လို့ မြန်မာလုပ်သားတစ်ဦးက ဆိုပါတယ်။

လစာတိုးပေးဖို့နဲ့အတူ မြန်မာလုပ်သားတွေက ထိုင်းအစိုးရကို အချက်လေးချက်တောင်ဆိုခဲ့ကြပြီး အဲ့ဒီအချက်တွေဟာ အကျင့်ပျက်အလုပ်ရှင်တွေကို ကိုင်တွယ်ဖြေရှင်းဖို့၊ ရွှေ့ပြောင်းလုပ်သားတွေကို ဥပဒေကြောင်းအရ ကာကွယ်ပေးဖို့၊ အလုပ်လုပ်ကိုင်ဖို့ စာချုပ်စာတမ်းတွေ လုပ်ဆောင်ရာမှာ နေရာတစ်ခုထဲမှာအပြီး လုပ်ဆောင်နိုင်ဖို့နဲ့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ခွင့်နဲ့ နိုင်ငံကူးလက်မှတ်အတွက် လိုအပ်တဲ့ စာရွက်စာတမ်းတွေနဲ့ အခငွေကြေးကို လျော့ချပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

— ကိုးကား —
Thaiger
Ref; Burmese workers in Bangkok protest for 600 baht minimum wage

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။