Trending Now

ထိုင်ဝမ်ရဲ့ ကျွန်းစုတွေမှာနေထိုင်တဲ့သူတွေဟာ စစ်ဖြစ်လာရင် ပုန်းအောင်းစရာနေရာမရှိဘူးလို့ ထိုင်ဝမ်ပြည်သူတွေ ဖွင့်ဟ

Spread the love

ထိုင်ဝမ်ရဲ့ ကျွန်းစုတွေမှာနေထိုင်တဲ့သူတွေဟာ စစ်ဖြစ်လာရင် ပုန်းအောင်းစရာနေရာမရှိဘူးလို့ ထိုင်ဝမ်ပြည်သူတွေ ဖွင့်ဟ

EPN
နိုင်ငံတကာ၊ သြဂုတ် ၁၉

ထိုင်ဝမ်ရဲ့ အရှေ့ဘက်ကျွန်းစုတွေပေါ်မှာ နေထိုင်တဲ့ ပြည်သူတွေဟာ စစ်ဖြစ်လာရင် ပုန်းအောင်စရာနေရာ မရှိဘူးလို့ ဖွင့်ဟပြောဆိုလိုက်ပါတယ်။

ထိုင်ဝမ်အနီးမှာ စစ်ရေးလေ့ကျင့်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ခဲ့တဲ့ တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှုတွေကြောင့် ထိုင်ဝမ်ကျွန်းစုတွေပေါ်မှာ နေထိုင်တဲ့ ပြည်သူတွေဟာ စိုးရိမ်မှုတွေမြင့်တက်လာပြီး ကျွန်းတွေရဲ့ အားနည်းချက်ကို မီးမောင်းထိုးပြခဲ့ပါတယ်။

“ကျွန်မတို့လို ကျွန်းငယ်လေးဟာ စစ်ဖြစ်လာရင် ခဏအတွင်းမှာ ပျောက်ကွယ်သွားမှာပါ စစ်ဖြစ်ရင်လဲ ပုန်းစရာနေရာရှိမှာမဟုတ်ဘူး စစ်ရှောင်ဖို့ ဥမင်တွေရှိပေမယ့် ဘယ်လောက်ပဲရှိရှိ ငါတို့ကို တကယ်သိမ်းပိုက်ရင် ဥမင်လိုဏ်ခေါင်းတွေရှိရင်တောင် အသုံးမဝင်ပါဘူး။” လို့ ထိုင်ဝမ်ရဲ့ မြောက်ဘက်ကျွန်းစုပေါ်မှာ နေထိုင်တဲ့ အသက် ၂၇ နှစ်အရွယ် ဒိုလျူ ကပြောဆိုခဲ့ပါတယ်။

အမေရိကန် အောက်လွတ်တော်ဥက္ကဌရဲ့ ခရီးစဉ်နဲ့ အမေရိကန်လွတ်တော်အမတ်ငါးဦးရဲ့ ခရီးစဉ်တွေကြောင့် တရုတ်နဲ့ ထိုင်ဝမ် တင်းမာမှုတွေမြင့်တက်လာခဲ့ပြီး တရုတ်နိုင်ငံက ထိုင်ဝမ်ကျွန်းစုတွေ အနီးမှာ အကြီးအကျယ်စစ်ရေးလေ့ကျင့်မှုပြုလုပ်လာခဲ့တာဖြစ်ပါတယ်။

တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ ထိုင်ဝမ်ဘက်ကလည်း တရုတ်နဲ့အနီးဆုံး နေရာတွေမှာ စစ်ရေးလေ့ကျင့်ခန်းတွေ ပြန်လည်လုပ်ဆောင်လာခဲ့သလို စစ်သင်္ဘောတွေနဲ့ တိုက်လေယာဉ်တွေကို ဖြန့်ကျက်ထားခဲ့တဲ့အတွက် ပြည်သူတွေဟာ စစ်ဖြစ်လာမှာကို စိုးရိမ်မှုမြင့်တက်နေတယ်လို့ သိရပါတယ်။

နန်ဂန်ကျွန်းရှိ ဈေးအပြင်ဘက်မှာ မနက်စာဆိုင်ဖွင့်ထားတဲ့ အသက် ၄၀ နှစ်အရွယ် မနက်စာဆိုင်ဖွင့်သည့် အသက် ၄၀ အရွယ် ချင်ချန်းတိန်းက ထိုင်ဝမ်-တရုတ် အကျပ်အတည်းသစ်ဟာ ယခင်ထက်တင်းမာမှုထက် ပိုမိုစိုးရိမ်စရာဖြစ်နေတယ်လို့ ပြောပါတယ်။

“အခြေအနေက စစ်ဖြစ်နိုင်မယ်ထင်တယ် ဒါပေမယ့် နှစ်နိုင်ငံက လူတွေရော၊ အစိုးရတွေရော ပိုပြီးတော့ အပြန်အလှန် ဆက်သွယ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဆက်သွယ်မှု မရှိရင် ဒါ့ထက်ပိုပြီး မုန်းတီးမှုကိုသာ ဦးတည်သွားလိမ့်မယ်” လို့ သူကပြောပါတယ်။

ထိုင်ဝမ်နိုင်ငံရဲ့ ကျောက်ဆောင်ကျွန်းစု တွေဟာ ၁၉၄၉ ခုနှစ်ကတည်းက တရုတ်နိုင်ငံရဲ့ ကျူးကျော်ခြိမ်းခြောက်မှုနဲ့ နေထိုင်ခဲ့ရတာဖြစ်ပြီး စစ်အေးခေတ်ကာလမှာပင် တရုတ်နိုင်ငံရဲ့ ပုံမှန်စစ်ရေးလေ့ကျင့်မှု၊ လက်နက်စမ်းသပ်မှုတွေနဲ့ နေထိုင်ခဲ့ကြရတာဖြစ်ပါတယ်။

ယနေ့ခေတ်မှာတော့ ကျွန်းစုမြို့တွေဟာ ဟစ်ပ်ဟော့ပ်ကော်ဖီဆိုင်တွေ၊ စတိုင်ကျတဲ့ ဟိုတယ်တွေ နဲ့အတူ ကျွန်းငယ်တွေရဲ့ သဘာဝအလှတွေကြောင့် ကမ္ဘာလှည့်ခရီးသည်တွေနဲ့ စည်ကားနေပြီး လာရောက်လည်ပတ်သူတွေကို ဆွဲဆောင်လျက်ရှိပါတယ်။

Source – ရိုက်တာ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။