Trending Now

အာဆီယံထိပ်သီးအစည်းအဝေးအတွက် အမေရိကန်သမ္မတ ကမ္ဘောဒီးယားသို့ ရောက်ရှိ

Spread the love

အာဆီယံထိပ်သီးအစည်းအဝေးအတွက် အမေရိကန်သမ္မတ ကမ္ဘောဒီးယားသို့ ရောက်ရှိ

EPN
နိုင်ငံတကာ၊ နိုဝင်ဘာ ၁၂

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် နိုဝင်ဘာ ၁၂ ရက်တွင် ကျင်းပမည့် ၁၀ ကြိမ်မြောက် အာဆီယံ-အမေရိကန် ထိပ်သီးအစည်းအဝေး နှင့် ၁၇ ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ဖနွမ်းပင်မြို့သို့ ယနေ့နံနက်ပိုင်းတွင် ရောက်ရှိခဲ့သည်။

ဘိုင်ဒင်သည် လာမည့်သီတင်းပတ်တွင် အင်ဒိုနီးရှား၌ ပြုလုပ်မည့် အုပ်စု ၂၀ ထိပ်သီးဆွေးနွေးပွဲ မတိုင်မီ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်နှင့် ပထမဆုံးအကြိမ်အဖြစ် ကမ္ဘောဒီးယားတွင် လူကိုယ်တိုင် တွေ့ဆုံကြရန်လည်း ရှိနေသည်။

ဖနွမ်းပင်မြို့တွင်ကျင်းမည့် အရှေ့အာရှထိပ်သီးအစည်းအဝေးနှင့် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (အာဆီယံ) အစည်းအဝေးများသည် တရုတ်သမ္မတ နှင့် အမေရိကန်သမ္မတို့ လူကိုယ်တိုင် တွေ့ဆုံစကားပြောရန်အခွင့်အရေးဖြစ်လာသည်။

ဘိုင်ဒင်သည် ၎င်း၏ အာရှခရီးစဉ်အတွင်း ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုများအဖြစ်သို့ ရောက်ရှိနေသည့် ယူကရိန်း-ရုရှားစစ်ပွဲ၊ တရုတ်နှင့် တင်းမာမှုများတိုးလာခြင်း၊ ရာသီဥတိုပြောင်းလည်းမှုပြဿနာများနှင့် လာမည့်လများအတွင်း ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးကျဆင်းမှုများကို ဆွေးနွေးသွားမည်ဟု အိမ်ဖြူတော်က ထုတ်ပြန်ထားသည်။

ဘိုင်ဒင်သည် တွေ့ဆုံမှုများအတွင်း ဒေသတွင်း လုံခြုံရေးနှင့် သာယာဝပြောရေးအပြင် သမိုင်းဝင် အမေရိကန်-အာဆီယံ အထူးထိပ်သီးအစည်းအဝေး၏ အောင်မြင်မှုကို တည်ဆောက်ရန် ကြိုးပမ်းမည်ဖြစ်ကြောင်း အိမ်ဖြူတော်က ပြောကြားခဲ့သည်။

— ကိုးကား —
CNN
Ref; Biden lands in Cambodia to meet Asian allies ahead of Xi meeting

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။