Trending Now

MRTV Logo အား အလွဲသုံးစားပြုလုပ်သူများကို ထိရောက်စွာအရေးယူမည်ဟု သတင်းထုတ်ပြန်

Spread the love

MRTV Logo အား အလွဲသုံးစားပြုလုပ်သူများကို ထိရောက်စွာအရေးယူမည်ဟု သတင်းထုတ်ပြန်

EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၁၄

မြန်မာ့အသံနှင့် ရုပ်မြင်သံကြား အမည်နှင့် Logo တို့ကို ရယူအသုံးပြု၍ ကိုယ်ကျိုးရှာ ဆောင်ရွက်နေသည့် facebook Page များအား ထိရောက်စွာအရေးယူသွားမည်ဟု ပြန်ကြားရေး၀န်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်ထားသည်။

မြန်မာ့အသံနှင့် ရုပ်မြင်သံကြား အမည်နှင့် Logo တို့ကို ရယူအသုံးပြု၍ facebook page များဖွင့်ကာ ညစ်ညမ်းပစ္စည်းများ ရောင်းချနေသည်ကို စီစစ်တွေ့ရှိရကြောင်း ဖော်ပြထားသည်။

သို့ပါ၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ အမည်၊ Logo နှင့် ပုံရိပ်များကို ဆင်တူယိုးမှား တုပအသုံးပြုမှုများကို တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဟု ဖော်ပြပါရှိသည်။

ယင်းနောက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ တရား၀င် ထုတ်လွင့်လျက်ရှိသည့် ၀ဘ်ဆိုက်များနှင့် တွစ်တာ၊ တယ်လီဂရမ် စသည့် လူမှုကွန်ရက်များတွင် ၀င်ရောက်ကြည့်ရှု့နိုင်ကြောင်း ထည့်သွင်းဖော်ပြထားသည်။

၀လုံး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။