Trending Now

တနိုင်းမြို့နယ်အား ခရိုင်အဆင့်တိုးမြင့်လိုက်သည့်အတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ပိုမိုလုပ်ကိုင်နိုင်မည် ဟုဆို

Spread the love

တနိုင်းမြို့နယ်အား ခရိုင်အဆင့်တိုးမြင့်လိုက်သည့်အတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ပိုမိုလုပ်ကိုင်နိုင်မည် ဟုဆို

EPN

မြစ်ကြီးနား ၊ မေလ ၃

တနိုင်းမြို့နယ်အား ခရိုင်အဆင့်တိုးမြင့်လိုက်သည့်အတွက် ဌာနဆိုင်ရာလုပ်ငန်းများ၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး ကိစ္စရပ်များနှင့် ဒေသဖွံ့ဖြူးရေးလုပ်ငန်းများကို ပိုမိုလုပ်ကိုင်နိုင်မှာဖြစ်ကြောင်း တနိုင်းခရိုင် မြို့နယ်အုပ်ချုပ်ရေးမှုးမှ ပြောဆိုသည်။

“ကျွန်တော်တို့ကတော့ ခရိုင်အဆင့်ဖြင့်ပြောင်းလဲလိုက်တဲ့အတွက်ကြောင့်မို့ ဒေသအတွင်းမှာရှိတဲ့ ဒေသဖွံ့ဖြိုးရေးတွေကို ပိုပြီးတော့ ဆောင်ရွက်လာနိုင်စရာ အခွင့်လမ်းတွေ ရှိလာတာပေါ့။ မြို့နယ်အဆင့်ဆိုရင် ဌာနဆိုင်ရာဝန်ထန်း ၃၀ ကျော်လေးနှင့် ခရိုင်အဆင့်ပါပူးပေါင်းလိုက်မယ်ဆိုတော့ ဒေသအတွက်လိုအပ်တဲ့ လုပ်စရာကိုင်စရာတွေ ဖွံ့ဖြိုးမှုလုပ်ငန်းတွေ ပိုမိုပြီးတော့ လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းတွေ၊ ရေရရှိရေး၊ မီးရရှိရေး ၊ စိုက်ပျိုးရေးဆိုင်ရာလုပ်ငန်းတွေ ပိုမိုပြီးတော့ လုပ်ကိုင်လာနိုင်မှာဖြစ်တယ်”ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၅ ခုတွင် ယခင်က ခရိုင် ၇၅ခု ဖြင့်ဖွဲ့စည်းထားရာ ယခုနှစ်မေလ ၁ ရက်နေ့မှ စတင်ကာ ခရိုင်သစ် ၄၆ ခရိုင်ကိုထပ်မံဖွဲ့စည်းခဲ့ရာ ကချင်ပြည်နယ်မှ ချီဖွေ ခရိုင်နှင့် တနိုင်းခရိုင် ဟူ၍ ခရိုင် ၂ ခု တိုးချဲ့ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါ အသစ်ဖွဲ့စည်းလိုက်သည့် တနိုင်းခရိုင်တွင် တနိုင်းမြို့နယ်၊ ရှင်ဗွေယန်မြို့နယ်ခွဲဟူ၍ ဖွဲ့စည်းထားပြီး တနိုင်းမြို့ထဲရှိ ရပ်ကွက် (၇)ခု ရှင်ဗွေယန်မြို့ရှိ ရပ်ကွက် (၄)ခု စုစုပေါင်းရပ်ကွက် (၁၁)ခုနှင့် ကျေးရွာပေါင်း (၂၇)ရွာ၊ ကျေးရွာအုပ်စု (၁၀)ခုဖြင့်ဖွဲ့စည်းထားကြောင်း သိရသည်။

ယခုလက်ရှိတွင် တနိုင်းခရိုင်အတွင်း လျှပ်စစ်မီးမရရှိသေးသောကြောင့် လျှပ်စစ်မီးအား ရှေ့ဦးစွာလုပ်ဆောင်သွားပြီး ပြည်သူ့ဆေးရုံများ ခရိုင်ရုံးထိုင်ခြင်းများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။

လင်းယုန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။