Trending Now

ရွှေဈေးတည်ငြိမ်မှုပျက်ပြားစေရန် လုပ်ဆောင်နေသူများအား ဖော်ထုတ်အရေးယူသွားမည်ဟု ထုတ်ပြန်

Spread the love

ရွှေဈေးတည်ငြိမ်မှုပျက်ပြားစေရန် လုပ်ဆောင်နေသူများအား ဖော်ထုတ်အရေးယူသွားမည်ဟု ထုတ်ပြန်

EPN
မြစ်ကြီးနား၊ မတ် ၂၁

ကမ္ဘာ့ရွှေဈေးမြင့်တက်လာမှုကို အကြောင်းပြပြီး ကိုယ်ကျိုးအတ္တဖြင့် ရွှေဈေးနှုန်းများအား တည်ငြိမ်မှုမရှိစေရန် လုပ်ဆောင်နေသူများကို စုံစမ်းဖော်ထုတ်အရေးယူသွားမည်ဟု ဗဟိုဘဏ်မှ မတ် ၂၀ ရက်က အသိပေးထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် ရွှေဈေးနှုန်းများအား တည်ငြိမ်မှုမရှိစေရန် ဈေးကစားနေသူများက ကောလဟလများကို လူမှုကွန်ယက်(Online)မှတဆင့်ထုတ်လွှင့်၍ ရွှေဈေးမတည်ငြိမ်အောင် ဆောင်ရွက်နေမှုများကို တွေ့ရှိနေရကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့ရွှေအား တင်သွင်းရောင်းချခြင်း၊တင်ပို့ရောင်းချခြင်းမရှိသဖြင့် မြန်မာ့ရွှေဈေးနှုန်းသည် ကမ္ဘာ့ရွှေဈေးနှင့်ဆက်စပ်မှုမရှိဟုလည်း ဗဟိုဘဏ်ကအသိပေးထုတ်ပြန်ခဲ့သည်။

ထို့အပြင် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းနှင့်မန္တလေးတိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းတို့မှလည်း ကမ္ဘာ့ရွှေဈေးနှင့်မြန်မာ့ရွှေဈေးချိတ်ဆက်မှုမရှိကြောင် နှင့် Online တွင် လက်ရှိဖြစ်ပေါ်နေသော ဈေးနှုန်းများသည်တရားမဝင်ကြောင်း အသိပေးထုတ်ပြန်မှုများပြုလုပ်ထားသည်ဟုဆိုသည်။

သို့ဖြစ်ပါ၍ ရွှေဈေးတည်ငြိမ်မှု ပျက်ပြားစေရန် ဈေးကစားနေသူများ၊ ကောလဟလများကို လူမှုကွန်ယက်၊ Online တို့ဖြင့် ထုတ်လွှင့်၍ ရွှေဈေးတည်ငြိမ်မှုမရှိအောင် ဆောင်ရွက်နေသူများကို စုံစမ်ဖော်ထုတ် အရေးယူသွားမည်ဟု ဖော်ပြပါထားသည်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။