Trending Now

မြို့နယ်ညှိနှိုင်းရေးအဖွဲ့၏ ကြားဝင်ဆောင်ရွက်ပေးမှုကြောင့် ဖားကန့်၌ ကုမ္ပဏီနှင့် အလုပ်သမားအဖွဲ့ ပြေလည်မှုရရှိ

Spread the love

မြို့နယ်ညှိနှိုင်းရေးအဖွဲ့၏ ကြားဝင်ဆောင်ရွက်ပေးမှုကြောင့် ဖားကန့်၌ ကုမ္ပဏီနှင့် အလုပ်သမားအဖွဲ့ ပြေလည်မှုရရှိ

EPN
ဖားကန့်၊ ဇွန် ၄

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်စီစာကျေးရွာအတွင်း ယမန်နေ့က ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီ တစ်ခု၌ အလုပ်သမားများ လုပ်ခ လစာကိစ္စနှင့် ပတ်သက်၍ အဆင်မပြေဖြစ်ပွားခဲ့ရာ မြို့နယ် ညှိနှိုင်းရေးအဖွဲ့၏ ကြားဝင် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည့်အတွက် နှစ်ဘက် အဆင်ပြေခဲ့ကြောင်း သိရသည်။


ဇွန်လ ၂ ရက်၊ ညနေပိုင်းက အချိန်က လုံးခင်းကျေးရွာအုပ်စု မှော်စီစာကျေးရွာရှိ ဂျိတ်ပါဝါကုမ္ပဏီမှ ယာဉ်မောင်း ဝန်ထမ်းများနှင့် စက်မောင်းဝန်ထမ်းများ စုစုပေါင်း ၄၁ ဦးက လုပ်ခလစာ အပြည့်အ၀ မရရှိ၍ လာရောက် တင်ပြခဲ့သဖြင့် ယင်းနေ့ ညနေပိုင်းတွင်ပင် မှော်ဝှမ်း ရပ်ကွက် ကျောက်တိုင်ကွင်းအတွင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သည့် မြို့နယ် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့နှင့် ကုမ္ပဏီတာဝန်ခံ၊ ကုမ္ပဏီ စက်မောင်းဝန်ထမ်း၊ ယာဉ်မောင်း ဝန်ထမ်းများနှင့် တွေ့ဆုံညှိနှိုင်းပေးခဲ့ရာ ကုမ္ပဏီ စက်မောင်း ဝန်ထမ်း (၁)ဦးလျှင် ၆၈၀၀၀ဝိ နှုန်း၊ ယာဉ်မောင်းဝန်ထမ်း (၁)ဦးလျှင် ၆၂၀၀၀၀ိ/- နှုန်း၊ COVID-19 ကာလဖြစ်သည့်အတွက် ဝန်ထမ်း တစ်ဦးလျှင် အပိုကြေး (၅၀၀၀၀၀ိ/-)နှုန်းဖြင့် ဆုံးဖြတ်ပေးခဲ့ပြီး ဝန်ထမ်းများအနေနှင့်လည်း ကျေနပ်ရန် ကုမ္ပဏီအနေနှင့်လည်း (၃.၆.၂၀၂၀) ရက်နေ့၊ နံနက်ပိုင်းတွင် အပြီးသတ် ပေးချေရန် နှစ်ဘက် ဝန်ခံကတိပြု လက်မှတ်ရေး ထိုးစေခဲ့သည်။

အဆိုပါ ကုမ္ပဏီ၏ စက်မောင်း၊ ယာဉ်မောင်း ဝန်ထမ်းများ၏ လုပ်ခလစာနှင့် အပိုကြေးငွေများကို ယင်းကုမ္ပဏီ ရုံး၌ (၃.၆.၂၀၂၀) ရက်နေ့၊ နံနက် (၇)နာရီမှ စတင်ကာ ကုမ္ပဏီမှ အပြီးသတ် ရှင်းပေးခဲ့သည် ဖြစ်၍ နှစ်ဘက် ပြေလည်မှု ရရှိခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

အာဆီယံ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။