Trending Now

ခိုးဝင်ဘင်္ဂါလီ (၁၆) ယောက်ကို ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ရန် စောင့်ကြည့်လူနာအဖြစ် မြောင်းမြမြို့၌ ထားရှိကြောင်း ဧရာဝတီတိုင်း အစိုးရ အတည်ပြု

Spread the love

ခိုးဝင်ဘင်္ဂါလီ (၁၆) ယောက်ကို ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ရန် စောင့်ကြည့်လူနာအဖြစ် မြောင်းမြမြို့၌ ထားရှိကြောင်း ဧရာဝတီတိုင်း အစိုးရ အတည်ပြု

EPN
ရန်ကုန်၊ ဇွန် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြို့နယ်၊ မြင်းကကွင်းကျေးရွာ၌ ဖမ်းမိခဲ့သည့် ခိုးဝင်ဘင်္ဂါလီ (၁၆)ဦးကို ကျန်းမာရေးစစ်ဆေးရန် မြောင်းမြမြို့ပေါ်ရှိ ပရဟိတကျောင်း တစ်ကျောင်း၌ ထားရှိထားကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က PeopleMedia သို့ ဇွန်(၂၄)ရက်၌ အတည်ပြုပြောဆိုကြောင်း သိရသည်။


ဖြစ်စဉ်မှာ ဇွန်လ(၂၃)ရက်နေ့၌ မြောင်းမြမြို့နယ်၊ မြင်းကကွင်းကျေးရွာရှိ ဓနီတောအတွင်း၌ ဘင်္ဂါလီများရောက်ရှိနေကြောင်း သတင်းရရှိ၍ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ ရဲတပ်ဖွဲ့များ၊ ဒေသခံများ စုပေါင်းပြီး သွားရောက်ရှာဖွေခဲ့ရာ ဘင်္ဂါလီ(၁၆)ဦး ဖမ်းမိခဲ့ခြင်း ဖြစ်သည်။

ဖမ်းမိ ဘင်္ဂါလီ(၁၆)ဦး၌ အမျိုးသား၊ အမျိုးသမီးအပါအဝင် ကလေးငယ်များ ပါဝင်ကြောင်း တိုင်းအစိုးရအဖွဲ့တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောဆိုသည်။

လက်ရှိအချိန်၌၌ ဖမ်းဆီးရမိခဲ့သည့် ဘင်္ဂါလီ(၁၆)ဦးကို မြောင်းမြမြို့ရှိ ပရဟိတကျောင်းတစ်ကျောင်း၌ ထားရှိ၍ စောင့်ကြည့် လူနာအဖြစ် ထားရှိထားပြီး ၎င်းတို့ကို COVID-19 နှင့် ပတ်သက်၍ ကျန်းမာရေး စစ်ဆေးမှုများပြုလုပ်လျှက်ရှိကြောင်း တိုင်းအစိုးရ တာဝန်ရှိသူက ဆိုသည်။

“ဖမ်းမိသူတွေကို Q ဝင်ထားတယ်။ Q ဝင်ပြီးရင် ကျန်တဲ့ဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်”လို့ တိုင်းအစိုးရ တာဝန်ရှိသူက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးသည် ရခိုင်ပြည်နယ်နှင့် ရေပြင်၊ မြေပြင်ထိဆက်နေသည့် ဒေသဖြစ်ခြင်းကြောင့် ဘင်္ဂလီများသည် ကုန် လမ်း၊ ရေလမ်းမှ နည်းမျိုးစုံဖြင့် ခိုးဝင်လျက်ရှိကြောင်း သိရသည်။

Photo-People Media


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။