Trending Now
Spread the love
မိုးညှင်း မတ် ၂၃
ကချင်ပြည်နယ် ၊မိုးညှင်းခရိုင် ၊မိုးညှင်းမြို့နယ် ရှိ စာရေးဆရာ ကချင်မြေသန်းဆောင်၏ ရာဘာခြံအတွင်းမှ မတ်လ(၂၃)ရက် ယနေ့နံနက်(၉)နာရီအချိန်ခန့်က တွားတွားသတ္တဝါတစ်မျိုး ဖြစ်သော သင်းကွေချပ်တစ်ကောင်အား တွေ့ရှိခဲ့သဖြင့် မိုးညှင်းမြို့နယ်စာရေးဆရာအသင်း ဥက္ကဌ ဦးခင်မောင်ဦးနှင့်အဖွဲ့မှ အင်းတော်ကြီးသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး သစ်တောဦးစီးဌာနသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန၊သားဌက်တိရိစ္ဆာန် ဘေးမဲ့တော စခန်းသို့ သွားရောက်ပေးအပ်ခဲ့သည်။
အဆိုပါ သင်းကွေချပ်သည်အလေးချိန်အားဖြင့် (၂)ပိသာကျော်ခန့်ရှိပြီး အဖိုဖြစ်ကာ စာရေးဆရာကချင်မြေသန်းဆောင်ပိုင် ရာဘာခြံအတွင်းမှတွေ့ရှိခဲ့သဖြင့် မိုးညှင်းမြို့နယ်စာရေးဆရာအသင်းသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး မိုးညှင်းမြို့နယ်စာရေးဆရာအသင်းဥက္ကဌနှင့်အဖွဲ့မှ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသသဘာဝဘေးမဲ့တောရှိ သားဌက်ထိန်းသိမ်းရေးဌာနသို့ လွှဲပြော့င်းပေးအပ်ခဲ့ရာ သားဌက်ထိန်းသိမ်းရေးဌာနမှ ဦးစီးဌာနတာဝန်ခံ ဒေါ်နီလာပွင့်ကျော်နှင့် ဦးနိုင်မျိုးထွန်းတို့က လက်ခံရယူခဲ့ကြောင်းသတင်းရရှိသည်။
မိုးမြင့်
————————————————-
ကချင်မြေ့သန်းဆောင်၏ရာဘာခြံမှတွေ့ရှိသော သင်းကွေချပ်အား သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနသို့ လွှဲပြောင်းပေးအပ်
မိုးညှင်း မတ် ၂၃
ကချင်ပြည်နယ် ၊မိုးညှင်းခရိုင် ၊မိုးညှင်းမြို့နယ် ရှိ စာရေးဆရာ ကချင်မြေသန်းဆောင်၏ ရာဘာခြံအတွင်းမှ မတ်လ(၂၃)ရက် ယနေ့နံနက်(၉)နာရီအချိန်ခန့်က တွားတွားသတ္တဝါတစ်မျိူး ဖြစ်သော သင်းကွေချပ်တစ်ကောင်အား တွေ့ရှိခဲ့သဖြင့် မိုးညှင်းမြို့နယ်စာရေးဆရာအသင်း ဥက္ကဌ ဦးခင်မောင်ဦးနှင့်အဖွဲ့မှ အင်းတော်ကြီးသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး သစ်တောဦးစီးဌာနသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန၊သားဌက်တိရိစ္ဆာန် ဘေးမဲ့တော စခန်းသို့ သွားရောက်ပေးအပ်ခဲ့သည်။
“ကျနော်တို့ ဌာနကို သင်းကွေချပ်လာရောက်ပေးအပ်တာ ယခု မိုးညှင်းမြို့နယ်စာရေးဆရာ အသင်းအပါအဝင် ယခုအကြိမ်နဲ့ဆို (၂)ကြိမ်ရှိပါပြီ ။အင်းတော်ကြီးဒေသသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဇီဝအဝန်းနယ်မြေထဲမှာ နေထိုင်တဲ့ တွားတွားသတ္တဝါတစ်မျိူးဖြစ်ပြီးတွင်းအောင်းသတ္တဝါဖြစ်တာကြောင့် သင်းကွေချပ်က အမဲလိုက်မုဆိုးတွေအလွယ်တကူ ဖမ်းယူနိူင်တဲ့အတွက် မျိူးသုဉ်းအန္တရာယ်အနီရောင်အဆင့်အဖြစ်သတ်မှတ် ထားပါတယ်။တရုတ်ပြည်ဈေးကွက်တွင် ဈေးကြီးပေးဝယ်ယူမှု့များပြားလာခြင်းကြောင့် သင်းကွေချပ်တွေကို ဖမ်းဆီးမှု့လျော့သထက်လျော့နည်းစေရန် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနအနေဖြင့် အထူးသတိထားစောင့်ရှောက်လျှက်ရှိကြောင်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် သားဌက်တိရိစ္ထာန် ထိန်းသိမ်းရေးဌာနမှ ဦးနိူင်မျိူး ထွန်းက အဆိုပါ ပေးအပ်ပွဲတွင် ပြောကြားခဲ့သည်။
အဆိုပါ သင်းကွေချပ်သည်အလေးချိန်အားဖြင့် (၂)ပိသာကျော်ခန့်ရှိပြီး အဖိုဖြစ်ကာ စာရေးဆရာကချင်မြေသန်းဆောင်ပိုင် ရာဘာခြံအတွင်းမှတွေ့ရှိခဲ့သဖြင့် မိုးညှင်းမြို့နယ်စာရေးဆရာအသင်းသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး မိုးညှင်းမြို့နယ်စာရေးဆရာအသင်းဥက္ကဌနှင့်အဖွဲ့မှ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသသဘာဝဘေးမဲ့တောရှိ သားဌက်ထိန်းသိမ်းရေးဌာနသို့ လွှဲပြော့င်းပေးအပ်ခဲ့ရာ သားဌက်ထိန်းသိမ်းရေးဌာနမှ ဦးစီးဌာနတာဝန်ခံ ဒေါ်နီလာပွင့်ကျော်နှင့် ဦးနိူင်မျိူးထွန်းတို့က လက်ခံရယူခဲ့ကြောင်းသတင်းရရှိသည်။
မိုးမြင့်
Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။