Trending Now

မြန်မာအစိုးရအပေါ် ဒဏ်ခတ်အရေးယူမှုတွေ ပိုမိုလုပ်ဆောင်ဖို့ ကုလသမဂ္ဂတောင်းဆို

Spread the love

မြန်မာအစိုးရအပေါ် ဒဏ်ခတ်အရေးယူမှုတွေ ပိုမိုလုပ်ဆောင်ဖို့ ကုလသမဂ္ဂတောင်းဆို

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၁၄

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကျွမ်းကျင်သူ တွမ်အန်ဒရူးစ်က အစိုးရရဲ့ အဓိက ဝင်ငွေဖြစ်တဲ့ နိုင်ငံပိုင်ရေနံနဲ့ သာဘာဝဓာတ်ငွေ့လုပ်ငန်းတွေကို အမေရိကန်ပြည်ထောင်စုက ပိတ်ဆို့အရေးယူမှုတွေ ထပ်မံပြုလုပ်ဖို့ စက်တင်ဘာ ၁၃ ရက်နေ့က တောင်းဆိုခဲ့ပါတယ်။

မြန်မာ နိုင်ငံခြားကုန်သွယ်မှုဘဏ်နဲ့ မြန်မာ့ရင်းနှီးမြုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်တို့ကို ဇွန်လအတွင်း ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ခဲ့တဲ့တွက် ဝါရှင်တန်ကို အန်ဒရူးစ်က ချီးကျူးခဲ့ပေမယ့် ပိုမိုလုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

“ပိတ်ဆို့အရေးယူမှုတွေ ပိုလုပ်ဖို့လိုတယ်… ဥရောပသမဂ္ဂနဲ့ ပူးပေါင်းပြီး အစိုးရရဲ့ တစ်ခုတည်းသော ဝင်ငွေအကြီးဆုံး အရင်းအမြစ်ဖြစ်တဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းကို ချက်ချင်းအရေးယူဖို့ အမေရိကန်ကို တိုက်တွန်းပါတယ်” လို့ အန်ဒရူးက ပြောပါတယ်။

အမေရိကန်ကွန်ဂရက်အမတ်ဟောင်း တစ်ဦးဖြစ်တဲ့ အန်ဒရူးက မြန်မာနိုင်ငံအတွင်းရော ပြည်ပမှာပါ အစိုးရရဲ့ သားကောင်တွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့မှုအဆင့် အနည်းဆုံးထားရှိဖို့ ဝါရှင်တန်အတွက် အရေးကြီးတယ်လို့လည်း ပြောပါတယ်။

Ref; Reuters

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။