Trending Now

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ လူနာအမှတ် ၅ သေဆုံး

Spread the love

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ လူနာအမှတ် ၅ သေဆုံး
 

EPN
ရန်ကုန် မတ် ၃၁

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ယနေ့နံနက် ၇ နာရီ ၂၅မိနစ် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီဆေးရုံ၌ကွယ်လွန်သည်။

၂၇-၃-၂၀၂၀ ရက်နေ့ ၁:၄၅ မိနစ် သတင်းတွင်ထုတ်ပြန်ကြေညာခဲ့သော လူနာအမှတ် ၅ နှင့်ပတ်သက်၍ ဒေါက်တာခင်ခင်ကြီး၏ FB လူမူကွန်ရက်တွင် ယနေ့နံနက် ၇:၂၅ မိနစ်တွင် သေဆုံးကြောင်း ကုသရေးဦးစီးဌာမှ သတင်းရရှိပါသည်ဟုရေးသားထားသည်။

သေဆုံးခြင်းအကြောင်းရင်းမှာ
၁/ လတ်တလောပြင်းထန်အဆုတ်ရောင်ရောဂါနှင့် သွေးအဆိပ်တက်ခြင်း
၂/ COVID-19 နှင့် ပြင်းထန်နမိုးနီးယားခံစားရခြင်း
၃/ နဂိုရောဂါအခံဖြစ်သည့် နှာခေါင်းကင်ဆာနှင့် ဓာတ်ရောင်ခြည်ကုသမှုခံယူခဲ့ခြင်းဟု ဒေါက်တာခင်ခင်ကြီး၏ FB လူမူကွန်ရက်တွင်ရေးသားဖော်ပြထားသည်။

ဝန်ကြီးဌာနမှ သတင်းအတည်ပြုချက်ထုတ်ပြန်ခြင်းမရှိသေးချေ။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။