Trending Now

ပြည်တွင်း၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမရှိသည်မှာ တစ်လရှိလာပြီ ထိုင်ဝမ်ဝန်ကြီး ပြော

Spread the love

ပြည်တွင်း၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမရှိသည်မှာ တစ်လရှိလာပြီ ထိုင်ဝမ်ဝန်ကြီး ပြော

EPN
နိုင်ငံတကာ၊ မေ ၁၂

ပြည်တွင်း၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မရှိသည်မှာ တစ်လကြာမြင့်ပြီဖြစ်ရာ ထိုင်ဝမ်မှာ ဘေးအန္တရာယ် ကင်းသော နေရာတစ်ခုဖြစ်လာကြောင်း ကျန်းမာရေးဝန်ကြီး ချန်ရှီချောင်က ပြောကြားသည်။
ထိုင်ဝမ် ဗဟိုကူးစက်ရောဂါကွပ်ကဲရေးဌာန၏ အကြီးအကဲဖြစ်သူ ချန်က အဆိုပါမှတ်ချက်စကားကို ယနေ့ ပြောကြားလိုက်ခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်း တရုတ်နိုင်ငံ၊ ဝူဟန်မြို့၌ ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားပြီးနောက်ပိုင်း ထိုင်ဝမ်၌ အတည်ပြု ကူးစက်မှု ၄၄၀ နှင့် သေဆုံးသူ ၇ ဉီးရှိကာ ၃၇၂ ဉီး ပြန်လည်သက်သာလာခဲ့ပြီဟု သိရသည်။

ပြည်တွင်း ကူးစက်မှုကျဆင်းသွားသော်လည်း ပြည်သူလူထုအနေဖြင့် မပေါ့ဆသင့်ကြောင်း ချန်က ပြော သည်။ ပြည်သူများအနေဖြင့် လက်ဆေးခြင်း၊ တစ်ဉီးနှင့်တစ်ဉီး ခပ်ခွာခွာနေခြင်း၊ အများပြည်သူ သယ်ယူပို့ဆောင် ရေးယာဉ်ပေါ်၌ နှာခေါင်းစည်း ဝတ်ဆင်ခြင်းကဲ့သို့သော ကြိုတင်ကာကွယ်ရေး အစီအမံများ ဆက်လက်ဆောင် ရွက်သင့်သည်။

ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်ရေးတွင် ရှေ့မျက်နှာစာမှပါဝင်နေသည့် ကျန်းမာရေးဝန်ထမ်းများကို ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်းက ယနေ့ ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

အကျပ်အတည်းကာလအတွင်း ကျန်းမာရေးလုပ်သားများ၏ သတ္တိရှိမှု၊ ပရော်ဖက်ရှင်နယ်ပီသမှနှင့် ကူညီ မှုများကို ထိုင်ဝမ်ပြည်သူများက အမြဲ သတိရနေမည်ဟု ဆိုင်အင်ဝမ်းက ဆိုသည်။

–ကိုးကား–
ရေဒီယိုထိုင်ဝမ်အင် တာနေရှင်နယ်
Ref; Taiwan reports no new domestic COVID-19 cases for 30 days


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။