Trending Now

ထိုင်းဘုရင်က စရက်သာဗင်ဆင်ကို ဝန်ကြီးချုပ်သစ်အဖြစ် အတည်ပြု

Spread the love

ထိုင်းဘုရင်က စရက်သာဗင်ဆင်ကို ဝန်ကြီးချုပ်သစ်အဖြစ် အတည်ပြု

EPN
နိုင်ငံတကာ၊ သြဂုတ် ၂၃

ထိုင်းဘုရင် မဟာဝိဇယလောင်ကွန်းက စရက်သာဗင်ဆင်ကို နိုင်ငံရဲ့ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူဖို့ ခွင့်ပြုချက်ပေးအပ်ခဲ့ကြောင်း အောက်လွတ်တော် ဥက္ကဌ ပြောရေးဆိုခွင့်ရှိသူက ဒီနေ့ ပြောကြားခဲ့ပါတယ်။

“အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ဝန်ကြီးချုပ် ရွေးကောက်ပွဲ ရလဒ်နဲ့ ပတ်သက်ပြီး ဘုရင်ကို အကြောင်းကြားဖို့ စာတစောင် ပေးပို့ခဲ့ပြီး ဘုရင်က (၃၀) မြောက် ဝန်ကြီးချုပ်အဖြစ် အတည်ပြုချက် ပေးထားပြီး ဖြစ်ပါတယ်” အောက်လွတ်တော် ဥက္ကဌ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

အောက်လွှတ်တော် အတွင်းဝန်ရုံးက တော်ဝင်ထောက်ခံချက်ကို ဖြူထိုင်းပါတီဌာနချုပ်သို့ ဒေသစံတော်ချိန် ညနေ ၆ နာရီမှာ ပေးပို့ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

စရက်သာဗင်ဆင်ဟာ အင်္ဂါနေ့က ရွေးကောက်ပွဲမှာ လွတ်တော်နှစ်ရပ်လုံးရဲ့ ထောက်ခံမှုကို ရရှိခဲ့ပြီးနောက် ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်အသစ်အဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရတာဖြစ်ပါတယ်။

အသက် ၆၀ နှစ်အရွယ် အိမ်ခြံမြေသူဌေးဟောင်း စရက်သာဗင်ဆင်ဟာ မေလအထွေထွေရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးနယ်ပယ်ကို ဝင်ရောက်ခဲ့တာဖြစ်ပြီး ဖြူးထိုင်းပါတီရဲ့ ဝန်ကြီးချုပ်လောင်းအဖြစ် ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။

ref; Xinhua

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။