Trending Now

ရှင်ဗွေယန်မြို့နှင့် နန်းယွန်းမြို့တွင် MPT ဖုန်းလိုင်းများ ပြတ်တောက်မှု ကြာမြင့်နေ

Spread the love

ရှင်ဗွေယန်မြို့နှင့် နန်းယွန်းမြို့တွင် MPT ဖုန်းလိုင်းများ ပြတ်တောက်မှု ကြာမြင့်နေ

EPN
မြစ်ကြီးနား၊ ဩဂုတ် ၃

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ ရှင်ဗွေယန်မြို့နှင့် စစ်ကိုင်းတိုင်း အထက်ပိုင်းဒေသ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့တွင် ယမန်နေ့က စတင်ပြီး MPT ဖုန်းလိုင်းများ ပြတ်တောက်မှု ကြာမြင့်နေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ရှင်ဗွေယန်မြို့တွင် mpt, telenor, ooredoo, mytel စသည့် ဖုန်းလိုင်းများ ရှိသည့်အနက် mpt ဖုန်းလိုင်းမှာ ဖုန်းဆက်သွယ်မှုနှင့် အင်တာနက် အသုံးပြုခြင်းကို ပြတ်တောက်လျက်ရှိပြီး၊ နန်းယွန်းမြို့တွင် mpt ဖုန်းလိုင်း တစ်ခုသာရှိကာ ၎င်းဖုန်းလိုင်းကို ပြတ်တောက်ေနခြင်းဖြစ်ကြောင်း ရှင်ဗွေယန်မြို့ ဒေသခံတစ်ဦးက ပြောသည်။

“ mpt ဖုန်းလိုင်းဖျက်ထားတာက အခုမှတော့ မဟုတ်ဘူး။ ခဏခဏပြတ်တယ်။ ဒါပေမယ့် အခုလို မကြာဘူး။ အခုက ကြာနေပြီ။ နှစ်ရက်လောက်ရှိပြီ။ လိုင်းကို မပြတော့တာ။ ကျန်တဲ့လိုင်းတွေလည်း မပျောက်ရုံပဲ။ လိုင်းကအရင်လို မကောင်းဘူး။ နန်းယွန်းမြို့မှာဆိုရင် mpt လိုင်းပဲရှိတာ။ အခုအဲ့လိုင်းကိုလည်း ဖြတ်ထားတော့ ဆက်သွယ်ရ ခက်နေကြတယ်။ ဘာကြောင့် ဖြတ်ထားလည်းတော့ မသိဘူး ” ဟု ၎င်းကဆိုသည်။

ယင်းကဲ့သို့ mpt ဖုန်းလိုင်းအား ပြတ်တောက်ထားသည့်အတွက် နန်းယွန်းမြို့တွင် ဆက်သွယ်ရန် အခက်ခဲများ ရှိနေပြီး၊ ရှင်ဗွေယန်မြို့တွင် ရရှိသည့်အခြားဖုန်းအော်ပရေတာများမှာလည်း ဖုန်းဆက်သည့်အချိန် ရှင်းလင်းမှုမရှိဘဲ လိုင်းအတက်အကျများ ကြုံတွေ့နေရကြောင်း သိရသည်။

သံလွင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။