Trending Now

ဖိလစ်ပိုင်ရဲချုပ်က ရဲတွေကို ရာထူးက နုတ်ထွက်ဖို့ တောင်းဆို

Spread the love

ဖိလစ်ပိုင်ရဲချုပ်က ရဲတွေကို ရာထူးက နုတ်ထွက်ဖို့ တောင်းဆို

EPN
နိုင်ငံတကာ၊ ဇန်နဝါရီ ၆

တရားမဝင် မူးယစ်ဆေးဝါးကြောင့် ရဲတပ်ဖွဲ့ဝင်အချို့ ဖမ်းဆီးခံရပြီးနောက် လူထုယုံကြည်မှုပြန်လည်ရရှိဖို့အတွက် ရဲအရာရှိ တစ်ထောင်နီးပါးကို ရာထူးကနေ နှုတ်ထွက်ဖို့ တိုက်တွန်းကြောင်း ဖိလစ်ပိုင် အမျိုးသား ရဲချုပ်က ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။

ထိပ်တန်းမူးယစ်ဆေးဝါး နှိမ်နင်းရေး ဥပဒေ အရာရှိများကို မှုးယစ်ဆေးဝါးဆက်နွယ်မှုဖြင့် ဖမ်းမိပြီးနောက် ရဲတပ်ဖွဲ့ရဲ့ ပုံရိပ်ကို ပြန်လည်မြှင့်တင်ရန်အတွက် ပြည်ထဲရေးအတွင်းဝန် ဘန်ဂျမင် အာပိုလိုက ရဲချုပ်များ၊ ဗိုလ်မှူးကြီးများ အားလုံးကို နှုတ်ထွက်စာ တင်သွင်းဖို့ ဗုဒ္ဓဟူးနေ့က တောင်းဆိုခဲ့ပါတယ်။

ရဲတပ်ဖွဲ့ဝင် ၂၂၇၀၀၀ ရှိတဲ့အနက် ဆန္ဒအလျောက် နှုတ်ထွက်စာ တင်သွင်းသူတွေကို သမ္မတ မားကို့စ်က နှုတ်ထွက်ခွင့်မပြုပါက မူလရားထူးအတိုင်း ဆက်လက်တာဝန်ထမ်းဆောင်ရမှာ ဖြစ်ကြောင်း ရဲဗိုလ်ချုပ်ကြီး ရိုဒိုးလ်ဖီလိုက ရုပ်မြင်သံကြား သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

တရားမဝင် မူးယစ်ဆေးဝါးနဲ့ ဆက်နွယ်နေတယ်လို့ စွပ်စွဲခံထားရတဲ့ ဗိုလ်ချုပ် ၁၀၀ ကျော်အနက် ၁၀ ဦးထက်မနည်းကို ထိပ်တန်းအရာရှိကြီးများက ကာကွယ်ပေးခဲ့ကြောင်းလည်း ရိုဒိုးလ်ဖီလိုက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ရာနဲ့ ချီတဲ့ ဗိုလ်မှူးကြီးများအပါအဝင် အရည်အချင်းပြည့်မီတဲ့ အရာရှိတွေကို ထိခိုက်စေတဲ့အတွက် အဆိုပါလှုပ်ရှားမှုကို ဆန့်ကျင်ကန့်ကွက်ကြောင်း တာဝန်ရှိသူများက ညည်းတွားပြောဆိုနေကြပြီး အခြားလူများကမှု အလုပ်တာဝန်ကို ကောင်းမွန်စွာထမ်းဆောင်နေတဲ့ ရဲအရာရှိတွေကို စိတ်ဓာတ်ကျစေနိုင်တယ်လို့ ဆိုပါတယ်။

မြို့တော် မနီလာမှာ တားမြစ်ထားတဲ့ စိတ်ကြွဆေး တစ်တန်နီးပါး ရောင်းဝယ်ဖောက်ကားမှုကို ဖုံးကွယ်ကူညီမှုနဲ့ ရဲတပ်ကြပ်ကြီးတစ်ဦး ဖမ်းဆီးခံရတဲ့ အောက်တိုဘာ လကတည်းက အမျိုးသားရဲတပ်ဖွဲ့ရဲ့ ပုံရိပ်ကို ထိခိုက်စေခဲ့တာဖြစ်ပါတယ်။

နိုင်ငံရဲ့ အဓိက မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အေဂျင်စီ ဒေသဆိုင်ရာ အကြီးအကဲတစ်ဦးနဲ့ အပေါင်းအပါတွေဟာ ဒီဇင်ဘာလအတွင်းက ရုံးအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပြောင်ပြောင်တင်းတင်း မူးယစ်ဆေးဝါးရောင်းဝယ်မှုမှာ ပါဝင်ပတ်သက်ခဲ့တဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် ရဲတပ်ဖွဲ့ဝင်တွေအပေါ်မှာ ဖိအားတွေ ရှိလာခဲ့တာဖြစ်ပါတယ်။

— ကိုးကား —
AP
Ref; Philippine police chief offers to quit over drug-linked cops

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။