Trending Now

ပါကစ္စတန် အရှေ့ပိုင်းမှာ ရထားနှစ်စင်းတိုက်မိလို့ အနည်းဆုံး လူပေါင်း ၃၀ ကျော် ဒဏ်ရာရ

Spread the love

ပါကစ္စတန် အရှေ့ပိုင်းမှာ ရထားနှစ်စင်းတိုက်မိလို့ အနည်းဆုံး လူပေါင်း ၃၀ ကျော် ဒဏ်ရာရ

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၂၅

ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်းမှာ ခရီးသည်တင်ရထားတစ်စင်းက ရပ်နားထားတဲ့ ကုန်ရထားတစ်စင်းကို ဝင်တိုက်မိလို့ ခရီးသည် ၃၀ ဦးထက်မနည်း ဒဏ်ရာရှိခဲ့ပြီး ယင်းအနက် ၅ ဦးစိုးရိမ်ရတဲ့အခြေအနေမှာရှိတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

အဆိုပါမတော်တဆမှုဟာ စက်တင်ဘာ ၂၄ ရက်နေ့က ရှီကာပူရာ ခရိုင်အတွင်းက ကိလာ့ဆာတာရှာ ဘူတာရုံမှာဖြစ်ပွားခဲ့တာဖြစ်ပြီး ခရီးသည်တင်ရထားက ကုန်စည်ရထားရပ်နားထားတဲ့ လမ်းကြောင်းပေါ်ကို ဦးတည်သွားခဲ့တာကြောင့် တိုက်မိခဲ့တာလို့ ဆိုပါတယ်။

မီးရထားအာဏာပိုင်တွေက ခရီးသည်တင်ရထားမောင်းနှင်သူနဲ့ လက်ထောက်ဖြစ်သူကို ရာထူးက ဆိုင်းငံ့ထားပြီး မြေပြင်ဝန်ထမ်းနှစ်ဦကိုလည်း ပေါ့ဆမှုဖြင့် အမှုဖွင့်ကာ စုံစမ်းစစ်ဆေးမှုတွေ စတင်လုပ်ဆောင်နေတယ်လို့ မီးရထားအကြီးတန်းအရာရှိတစ်ဦးက ပြောပါတယ်။

ဒဏ်ရာရခရီးသည်အများစုကိုတော့ ရထားဘူတာရုံးအတွင်းမှာ ကျန်းမာရေးဝန်ထမ်းတွေက ဆေးကုသပေးခဲ့ပြီး ဒဏ်ရာပြင်းထန်သူတွေကိုတော့ ဆေးရုံပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ပါကစ္စတန်နိုင်ငံမှာ ခေတ်မမီတော့တဲ့ အချက်ပြစနစ်တွေနဲ့ မီးရားထားအခြေခံအဆောက်အုံ အားနည်းမှုကြောင့် အခုလို မတော်တဆမှုတွေ အဖြစ်များတယ်လို့ သိရပါတယ်။

ref; AP

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။