Trending Now

ဆူဒန်နိုင်ငံမှာ လူမျိုးရေး ပဋိပက္ခကြောင့် လူပေါင်း ၆၅ ဦးသေဆုံး

Spread the love

ဆူဒန်နိုင်ငံမှာ လူမျိုးရေး ပဋိပက္ခကြောင့် လူပေါင်း ၆၅ ဦးသေဆုံး

EPN
နိုင်ငံတကာ၊ ဇူလှိုင် ၁၈

ဆူဒန်နိုင်ငံ အရှေ့တောင်ပိုင်း ဘလူးနိုင်းပြည်နယ်မှာ ရက်အတန်ကြာ ဖြစ်ပွားခဲ့တဲ့ လူမျိုးရေး ပဋိပက္ခတွေကြောင့် လူပေါင်း ၆၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။

သေဆုံးသူအများစုဟာ ပဋိပက္ခရန်ပွဲတွေအတွင်းမှာ ဓားနဲ့ထိုးခံခဲ့ရတဲ့ လူငယ်တွေဖြစ်ပြီး လူပေါင်း ၁၉၂ ဦး ဒဏ်ရာရရှိခဲ့သလို မိသားစု ၁၂၀ ခန့်အထိ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ ဘလူးနိုင်ပြည်နယ် ကျန်းမာရေးဝန်ကြီး ရဲ့ အစီရင်ခံစာက ဖော်ပြခဲ့ပါတယ်။

ဘလူးနိုင်းပြည်နယ် အစိုးရရဲ့ ထုတ်ပြန်ချက်အရ ဈေးဆိုင် ၁၆ ဆိုင် မီးလောင်မှု ဖြစ်ပွားခဲ့သလို ပြည်နယ်အတွင်းက မြို့အများအပြားမှာလည်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ယခုသီတင်းပတ်အစောပိုင်းက လယ်သမားတစ်ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ဘာတီမျိုးနွယ်စုနဲ့ ဟူးဆမျိုးနွယ်စုတို့ကြားမှာ ပဋိပက္ခတွေဖြစ်ပွားခဲ့တာပါ။

အဲဒီနောက် မြေယာအသုံးပြုခွင့်နဲ့ ပတ်သက်ပြီး မျိုးနွယ်စုနှစ်ခု ဆွေးနွေးခဲ့ကြပေမယ့် ပြေလည်မှုမရရှိခဲ့ပဲ အခုလို ပဋိပက္ခတွေ စတင်ဖြစ်ပွားတာလို့ ဒေသခံတွေကပြောပါတယ်။

ဆူပူအုံကြွမှု နဲ့ အကြမ်းဖက်မှု တွေကြောင့် စနေနေ့ညနေပိုင်းမှာ ဆူဒန်စစ်တပ်ကို ဘလူးနိုင်းပြည်နယ်ရဲ့ အဓိက လမ်းမကြီးတွေပေါ်မှာ သံချပ်ကာယာဉ်တွေနဲ့အတူ ဖြန့်ကျက်ချထားခဲ့ရတယ်လို့ ဆိုပါတယ်။

အကြမ်းဖက်မှုအတွင်မှာပါဝင်တဲ့ လူအများအပြားကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးနိုင်ခဲ့ပြီး အခြေအနေကို ထိမ်းချုပ်နိုင်ခဲ့တယ်လို့ ပြည်နယ်အစိုးရက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဆက်လက်ပြီး အကြမ်းဖက်မှုတွေကို လှုံ့ဆော်နေတဲ့ သူတွေကို လိုအပ်တဲ့ ဥပဒေအရ အရေးယူဆောင်ရွက်ပေးဖို့ ပြည်နယ်လုံခြုံရေး ကော်မတီကို တောင်းဆိုထားပါတယ်။

Source – DW

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။