Trending Now

Signature Bank ပြိုလဲခဲ့ပြီး အမေရိကန် သမိုင်းမှာ တတိယအကြီးဆုံး ကျဆုံးမှုဖြစ်လာ

Spread the love

Signature Bank ပြိုလဲခဲ့ပြီး အမေရိကန် သမိုင်းမှာ တတိယအကြီးဆုံး ကျဆုံးမှုဖြစ်လာ

EPN
နိုင်ငံတကာ၊ မတ် ၁၃

ဘဏ်လုပ်ငန်း မတည်မငြိမ်မှုတွေကြောင့် နယူးယောက်ပြည်နယ်အာဏာပိုင်တွေက နယူးယောက်အခြေစိုက် ဆစ်ခ်နေချာဘဏ် (Signature Bank) ကို မတ် လ ၁၂ ရက်နေ့ မှာ ပိတ်သိမ်းလိုက်ပါတယ်။

ဒါဟာ ကာလီဖိုနီးယားအခြေစိုက် ဆီလီကွန်တောင်ကြားဘဏ်ပြိုလဲမှုအပြီး နှစ်ရက်အကြာမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အမေရိကန်ပြည်ထောင်စုရဲ့ သမိုင်းမှာ တတိယအကြီးဆုံး ကျဆုံးမှုဖြစ်ပါတယ်။

ဆစ်ခ်နေချာဘဏ် ဟာ မတ်၈ရက်နေ့အထိ အပ်နှံငွေစုစုပေါင်း အမေရိကန်ဒေါ်လာ ၈၉.၁၇ ဘီလျံရှိပြီး ပိုင်ဆိုင်မှုတန်ဖိုးဟာ ဒေါ်လာ ၁၁၀.၃၆ ဘီလျံရှိတယ်လို နယူးယောက်ပြည်နယ်ဘဏ္ဍာရေးဌာန (FDIC) သိရပါတယ်။

အမေရိကန်ဘဏ္ဍာရေးဌာနရဲ့ တနင်္ဂနွေနေ့က ထုတ်ပြန်ကြေညာချက်အရ ဆီလီကွန်တောင်ကြားဘဏ် နဲ့ ဆစ်ခ်နေချာဘဏ် ကို အပ်နှံထားသူတွေရဲ့ ငွေတွေ ပြန်လည်ရရှိမှာဖြစ်ပြီး ဆုံးရှုံးမှုတွေကို အခွန်ထမ်းပြည်သူတွေ ပေးစရာမလိုဘူးလို့ ပြောပါတယ်။

ဆစ်ခ်နေချာဘဏ်ဟာ နယူးယောက်၊ ကွန်နက်တီကတ်၊ ကယ်လီဖိုးနီးယား၊ နီဗားဒါး၊ နဲ့ မြောက်ကာရိုလိုင်းနားပြည်နယ်တွေမှာ ရုံးပေါင်းများစွာရှိတဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ်ဖြစ်ပြီး စီးပွားဖြစ်အိမ်ခြံမြေနဲ့ ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုဘဏ်လုပ်ငန်းအပါအဝင် အမျိုးသားစီးပွားရေးလုပ်ငန်းလိုင်းကိုးခု ရှိတဲ့ ဘဏ်တစ်ခုဖြစ်ပါတယ်။

ref; reuters

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။