Trending Now

ယူကရိန်းက တန်ပြန်ထိုးစစ်နဲ့ ပထမဆုံးအကြိမ် နယ်မြေပြန်သိမ်းနိုင်ခဲ့

Spread the love

ယူကရိန်းက တန်ပြန်ထိုးစစ်နဲ့ ပထမဆုံးအကြိမ် နယ်မြေပြန်သိမ်းနိုင်ခဲ့

EPN
နိုင်ငံတကာ၊ ဇွန် ၁၂

ယူကရိန်းတပ်ဖွဲ့တွေရဲ့ တန်ပြန်ထိုးစစ် စတင်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ရုရှားသိမ်းပိုက်ထားတဲ့ ဒွန်နက်စ် ဒေသက ရွာသုံးရွာကို ဇွန်လ ၁၁ ရက်နေ့က ပြန်လည်သိမ်းယူနိုင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

“တန်ပြန်ထိုးစစ်ဆင်မှုတွေရဲ့ ပထမဆုံးရလဒ်တွေကို ကျွန်တော်တို့ မြင်နေရပါတယ်” ယူကရိန်းစစ်တပ်ရဲ့ စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ဗာလီရီရှာရှန်က ပြောပါတယ်။

စစ်ဆင်ရေးအတွင်း ရုရှားတပ်ဖွဲ့ဝင် ၆၀ ခန့်ပုန်းအောင်နေတဲ့ အဆောက်အဦးများစွာကို ယူကရိန်းတပ်ဖွဲ့ဝင်တွေက ချေမှုန်းတိုက်ခိုက်ခဲ့ပြီး ရုရှားရှားတပ်ဖွဲ့ဝင် ၆ ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အနောက်အုပ်စုက လေ့ကျင့်သင်ကြားထားတဲ့ ယူကရိန်းတပ်ဖွဲ့ရဲ့ တန်ပြန်ထိုးစစ်ကို တုံ့ပြန်ဖို့အတွက် ရုရှားက သိမ်းပိုက်ထားတဲ့ နယ်မြေတစ်လျှောက်မှာ ကြီးမားတဲ့ ခံတပ်တွေကို တည်ဆောက်ထားပါတယ်။

ခါဆွန်ဒေသမှာ ယူကရိန်းရဲ့ su-25 တိုက်လေယာဉ်တစ်စီးကို ရုရှားတပ်ဖွဲ့တွေက ပစ်ချနိုင်ခဲ့ပြီး ဇာဖိုရီဇီးယား ဒေသမှာလည်း ယူကရိန်းရဲ့ တိုက်ခိုက်မှုသုံးခုကို ချေမှုန်းနိုင်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ref; aljazeera

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။