Trending Now

ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆမ်ဆွန် မန္တလေး လေဆိပ်တွင် ဖမ်းဆီးခံရ

Spread the love

ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆမ်ဆွန် မန္တလေး လေဆိပ်တွင် ဖမ်းဆီးခံရ

EPN

မြစ်ကြီးနား၊ ဒီဇင်ဘာ ၅

ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့( Kachin National Consultative Assembly) ဥက္ကဋ္ဌ သိက္ခာတော်ရ ဒေါက်တာ ခလမ်ဆမ်ဆွန် ယမန်နေ့က မန္တလေး လေဆိပ်တွင် ဖမ်းဆီးခံလိုက်ရကြောင်း သိရသည်။

ဒေါက်တာ ခလမ်ဆမ်ဆွန်အနေဖြင့် ထိုင်းနိုင်ငံဘန်ကောက်သို့အလုပ်ကိစ္စဖြင့် သွားရောက်ရန် အတွက် မြစ်ကြီးနားလေဆိပ်မှ ထွက်ခွာလာခဲ့ခြင်းဖြစ်ပြီး မန္တလေး လေဆိပ်အရောက်တွင် စစ်ဆေး မေးမြန်းရန်ရှိသည်ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ဒေါက်တာ ခလမ်ဆမ်ဆွန်မှာ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC တွင် အတွင်းရေးမှုးအဖြစ် ၈ နှစ်၊ ဥက္ကဋ္ဌအဖြစ် ၄ နှစ် တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင် ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ ( Kachin National Consultative Assembly) ၏ ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့ အမေရိကန်ပြည်ထောင်စု အိမ်ဖြူတော်တွင် သမ္မတ ဒေါ်နယ်ထရန့်နှင့် တွေ့ဆုံစဉ် ဖက်ဒရယ်ဒီမိုကရေစီအတွက် တိုင်းရင်းသားလက်နက်ကိုင်များက တပ်မတော်ကို တိုက်ခိုက်နေကြောင်း ဖော်ပြခဲ့ပြီးနောက် ဩဂုတ်လ ၈ ရက်နေ့ တွင် ရာဇဝတ်ကျင့်ထုံးပုဒ်မ ၂၀၀ အရ မြစ်ကြီးနား မြို့နယ်တရားရုံးတွင် တရားစွဲဆိုခံခဲ့ရသော်လည်း စက်တင်ဘာလ ၉ ရက်နေ့တွင် တရားလိုဘက်မှ အမှုကို ပြန်လည်ရုပ်သိမ်းပေးခဲ့ကြောင်း သိရသည်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။