Trending Now

ဆယ်ချုပ်ကွင်း ငှက်ပျောခြံ လုပ်သားနှင့် လုပ်သားခေါင်းဆောင် စကားများ ရန်ဖြစ်ရာမှ ဓါးထိုးမှုဖြစါ

Spread the love

ဆယ်ချုပ်ကွင်း ငှက်ပျောခြံ လုပ်သားနှင့် လုပ်သားခေါင်းဆောင် စကားများ ရန်ဖြစ်ရာမှ ဓါးထိုးမှုဖြစါ

EPN
ဝိုင်းမော်၊ စက်တင်ဘာ ၄ (၂၀၂၃)

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ စန်းကားကျေးရွာအုပ်စု ဆယ်ချုပ်ကွင်း ငှက်ပျောခြံ လုပ်သားခေါင်းဆောင်နှင့် လုပ်သားတစ်ဦး ယမန်နေ့ ညနေ ၅ အချိန်ခန့်က စကားများ ရန်ဖြစ်ရာမှ ဓါးထိုးမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စန်းကားကျေးရွာ ရပ်ကွက်(၇)၊ငှက်ပျောခြံ ကုမ္ပဏီ တစ်ခု စိုက်ကွက် အတွင်းရှိ လုပ်သားခေါင်းဆောင်နှင့် လုပ်သား တစ်ဦးတို့ စကားများရာမှ လုပ်သားခေါင်းဆောင်အား လုပ်သား တစ်ဦးမှ ဓါးဖြင့် ထိုးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောပြသည်။

“ဖြစ်စဉ်ကတော့ ငှက်ပျောထမ်း လုပ်သားခေါင်းဆောင်က အလုပ်မခေါ်လို့ဆိုပြီး စကားများရာကနေ လုပ်သားဖြစ်သူ ဦးမင်းသူက ဓါးနဲ့ ထိုးပြီး ထွက်ပြေးသွားတာ “ဟု ၎င်းက ဆိုသည်။

ယင်း ဓါးထိုးမှု ဖြစ်ပွားမှုကြောင့် ငှက်ပျောထမ်း ခေါင်းဆောင် ဦးနေမင်းဦး၏ ဘယ်ဘက် လက်ပြင်အောက်တွင် ထိုးသွင်း ဓါးဒဏ်ရာတစ်ချက် ရရှိ၍ ဝိုင်းမော်မြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသခံယူလျက်ရှိကြောင်းသိရသည်။

ငှက်ပျောထမ်း လုပ်သားခေါင်းဆောင်အား ဓါးဖြင့် ထိုးခဲ့သူသည် ထွက်ပြေးတိမ်းရှောင်နေပြီး ၎င်းအား သက်ဆိုင်ရာ တာဝန်ရှိသူများက အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးနေကြောင်းသိရသည်။

မြတ်မင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။