Trending Now

ဂါဇာကမ်းမြောင်ဒေသမှာ ကယ်ဆယ်ရေးလုပ်သားတွေ သေဆုံးမှုပေါ် ဘိုင်ဒင်က အစ္စရေးကို အပြစ်တင်

Spread the love

ဂါဇာကမ်းမြောင်ဒေသမှာ ကယ်ဆယ်ရေးလုပ်သားတွေ သေဆုံးမှုပေါ် ဘိုင်ဒင်က အစ္စရေးကို အပြစ်တင်

EPN
နိုင်ငံတကာ၊ ဧပြီ ၃

နိုင်ငံတကာ အကျိုးအမြတ်မယူသော အဖွဲ့အစည်းတစ်ခုရဲ့ အဖွဲ့ဝင်အများအပြားသေဆုံးမှုနဲ့ ပတ်သက်လို့ အစ္စရေးကို ဘိုင်ဒင်က ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီး ဂါဇာကမ်းမြှောင်မှာရှိတဲ့ အရပ်သားတွေနဲ့ အကူညီပေးရေးလုပ်သားတွေကို ကာကွယ်ဖို့ လုံလောက်စွာမလုပ်ဆောင်နိုင်သေးဘူးလို့ ပြောကြားလိုက်ပါတယ်။

 

အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း ဂါဇာဒေသမှာ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ဖြန့်ဝေပေးနေတဲ့ World Central Kitchen က အဖွဲ့ဝင် ခုနှစ်ဦးသေဆုံးခဲ့တယ်လို့ အင်္ဂါနေ့က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အဆိုပါကြေညာချက်ထွက်ပေါ်လာပြီးနောက် ဘိုင်ဒင်က ” ဝမ်းနည်း၊ ဒေါသဖြစ်မိပါတယ်။ ဒီပဋိပက္ခအတွင်း အကူအညီပေးရေးလုပ်သား တွေ သေဆုံးမှုဟာ အမှတ်ရစရာ အဆိုးဆုံးတွေထဲက တစ်ခုပါ” လို့ ပြောကြားခဲ့ပါတယ်။

ဘိုင်ဒင်က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အလုပ်သမားတွေ သေဆုံးမှုကို “ကြေကွဲစရာ” လို့ ခေါ်ဆိုခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေ အမြန်ဆုံးပြုလုပ်ဖို့နဲ့ တွေ့ရှိချက်တွေကို လူသိရှင်ကြားထုတ်ပြန်ဖို့ တောင်းဆိုခဲ့ပါတယ်။

အရပ်သားတွေနဲ့ ကူညီကယ်ဆယ်ရေးဝန်ထမ်းတွေကို လုံလောက်စွာ အကာအကွယ်မပေးခဲ့တဲ့အတွက် အစ္စရေးကို ဘိုင်ဒင်က ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီး ဂါဇာကမ်းမြောင်ဒေသကို အကူအညီပေးပို့ရန်နဲ့ ချက်ချင်းအပစ်အခတ်ရပ်စဲရေးအတွက် ပြင်းပြင်းထန်ထန်တွန်းအားပေးလုပ်ဆောင်သွားမယ်လို့ ၎င်းက ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဘိုင်ဒင်ဟာ အရပ်သားတွေကို အကာအကွယ်ပေးဖို့ အစ္စရေးကို ထပ်ခါတလဲလဲ တိုက်တွန်းခဲ့ပေမယ့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်သားတွေ သေဆုံးမှုတွေဟာ သူရဲ့ ဝေဖန်မှုတွေနဲ့အတူ အရင်ကထက် ပိုမိုပြင်းထန်လာပါတယ်။

Ref; NHK


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။