Trending Now

ဖားကန့်မြေပြိုမှုအတွက် စောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်း၊ ပျောက်ဆုံးနေသူအချို့ရှိနေ

Spread the love

ဖားကန့်မြေပြိုမှုအတွက် စောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်း၊ ပျောက်ဆုံးနေသူအချို့ရှိနေ

 

EPN
ဖားကန့်၊ ဇူလိုင် ၆

ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါဒေ သမှာ ဇူလိုင်လ ၂ ရက်နေ့က မြေပြိုကျမှူကြောင့် လူအများသေဆုံးခဲ့ရာ အချို့ပျောက်ဆုံး နေသည့် ရုပ်အလောင်းများ ကယ်ဆယ်ရန်အ တွက် စောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်းထားကြောင်း ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ယနေ့ ဇူလိုင်လ၆ ရက်နေ့အထိ ရှာဖွေကယ် ဆယ်ခဲ့သည့် ရုပ်အလောင်း ၁၇၂ လောင်းနှင့် ဒဏ်ရာရရှိသူ ၄၇ ဦးရှိခဲ့ကြောင်း သိရပြီး အချို့ ရုပ်အလောင်းကျန်ရှိနေသေးကြောင်း သိရသည်။

“ကျနော်တို့အခုပဲ အရန်မီးသတ်တွေ၊ လူမှုကူညီရေးအဖွဲ့တွေ ၊ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ စီစစ်မေးမြန်းကြတယ်၊ ရှာဖွေကယ်ဆယ်ရေးနဲ့ပက်သက်ပြီး အခုဒီရက်လောက်ဆိုရင် အောက်ခြေက အလောင်းတွေရှိခဲ့ရင်တောင် ပြန်ပေါ်လာနိုင်နေပြီပေမယ့် အောက်ကိုဆင်းပြီး ရှာဖွေဖို့က အန္တရာယ်ရှိတယ်၊ ဒီတော့ အလောင်းတွေပေါ်လာရင်စောင့်ကြည့်ဖို့ စောင့်ကြည့်အဖွဲ့တွေပဲထားရှိမယ်။”ဟု ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းအောင် ကပြောသည်။

အဆိုပါတွေရှိခဲ့သည့် အလောင်းများအနက် ပိုင် ပိုင်ရှင်မဲ့အဖြစ် ၁ လောင်းရှိခဲ့ပြီး ကျန်ရုပ်အ လောင်းများကို သက်ဆိုင်ရာ မိသားစုဝင်များ၊ ဆွေမျိုးများနှင့် အဆက်အသွယ်ရခဲ့ခြင်းဖြစ် ကြောင်း ဖားကန့်မြို့နယ် ရဲတပ်ဖွဲ့မှုး ရဲမှုးသန်းဝင်းအောင်က ပြောသည်။

အဆိုပါ မြေပြိုမှုဖြစ်စဉ်နှင့် ပတ်သက်၍ သက် ဆိုင်သို့ လူပျောက်တိုင်ကြားထားသည့် လူဦးရေအရ ပျောက်ဆုံးနေသူ ၁၉ ဦးကျန်ရှိနေသေး ကြောင်းလည်း ရှာဖွေကယ်ဆယ်ရေးလုပ်နေ သည့် အရပ်ဖက်အဖွဲ့အစည်းများနှင့် သက်ဆိုင်အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

အဆိုပါ လူရာချီသေဆုံးမှုဖြစ်စေခဲ့သည့် ဖားကန့်ဒေသ မြေပြိုမှုဖြစ်စဉ်ကို စုံစမ်းရန် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းက ဥက္ကဋ္ဌ အဖြစ်တာဝန်ယူစေပြီး အဖွဲ့ဝင် ၅ ဦးပါ ဝင်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ကို နိုင် ငံတော် သမ္မတက ဇူလိုင်လ ၃ ရက်နေ့က ဖွဲ့စည်းတာဝန်ပေးခဲ့သည်။

ဝေယံ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။