Trending Now

တောင်ကိုရီးယားသို့ မြန်မာလုပ်သား ၁၄၈ ဦး EPS စနစ်ဖြင့်စေလွတ်

Spread the love

တောင်ကိုရီးယားသို့ မြန်မာလုပ်သား ၁၄၈ ဦး EPS စနစ်ဖြင့်စေလွတ်

EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၁၉

တောင်ကိုရီယားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် ကုန်ထုတ်လုပ်သားသစ် (၇၂)ဦးနှင့် စိုက်ပျိုးရေးလုပ်သားသစ် (၇၆)ဦး စုစုပေါင်း (၁၄၈)ဦး ကို EPS စနစ်ဖြင့် ယနေ့ ထပ်မံ စေလွတ်ခဲ့ကြောင်း သိရသည်။

အဆိုပါအလုပ်သမားများသည် ရန်ကုန်မြို့မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ယနေ့ ရောက်ရှိခဲ့ပြီး မြန်မာသံရုံး၊ ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိက ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက်များကို မှာကြားခဲ့ပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၃ ရက်နေ့ကလည်း ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် ကုန်ထုတ်လုပ်သားသစ် (၁၅၁)ဦးကို EPS စနစ်ဖြင့်စေလွတ်ခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့် သြဂုတ်လအတွင်း တောင်ကိုရီယားနိုင်ငံသို့ မြန်မာလုပ်သား ၁၀၀၀ ကျော် စေလွတ်ခဲ့ကြောင်း သိရသည်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။