Trending Now

ချင်းတွင်းမြစ်ကြောင်းမှာ ဓာတ်ဆီနဲ့ ဒီဇယ်ဆီတွေ ဖမ်းဆီးတာများလာတဲ့အတွက် ခန္တီးနဲ့ ဟုမ္မလင်းဒေသမှာ စက်သုံးဆီ အခက်ကြုံလာ

Spread the love

ချင်းတွင်းမြစ်ကြောင်းမှာ ဓာတ်ဆီနဲ့ ဒီဇယ်ဆီတွေ ဖမ်းဆီးတာများလာတဲ့အတွက် ခန္တီးနဲ့ ဟုမ္မလင်းဒေသမှာ စက်သုံးဆီ အခက်ကြုံလာ

EPN

ဟုမ္မလင်း ၊ မေ ၂

စစ်ကိုင်းတိုင်း ၊ မုံရွာ ဆိပ်ကမ်းကနေ ချင်းတွင်းမြစ်ကြောင်းအတိုင်း ၊ ဟုမ္မလင်းမြို့နယ်ဘက်ကို သယ်ယူပို့်ဆောင်နေတဲ့ ဓာတ်ဆီနဲ့ ဒီဇယ် ချက်ဆီတွေကို အခုတလော ဖမ်းဆီးတာများလာတဲ့အတွက် ဟုမ္မလင်းမြို့နယ်ဘက်မှာစက်သုံးဆီ မလုံလောက်တဲ့ ပြဿနာ နေ့တိုင်းရင်ဆိုင်နေရတယ်လို့ ဟုမ္မလင်းမြို့ခံတွေဆီက သိရပါတယ်။

” မနေ့က မုံရွာဆိပ်ကမ်းမှာ အညာကိုတင်ပို့မယ့် စက်သုံးဆီတွေတင်လာတဲ့ ကား ၁ စီး ၊ ရေယာဥ် ၄ စီး ၊ လူ ၈ ယောက် အဖမ်းခံရတယ်၊ စက်သုံးဆီပေပါ ၄၃၀ ပေပါ သိမ်းဆည်းခံရတယ် ၊ ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းကလည်း အခုလို ဖမ်းတာမျိုးတွေရှိတယ် ” လို့ မုံရွာ – ဟုမ္မလင်း ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တစ်ယောက်က ပြောပါတယ်။

” ပြီးခဲ့တဲ့ ဧပြီ ၁၀ ရက္မတိုင်မီက စလို့ ဟုမ္မလင်းမှာ ဆီအဝင်ရပ်သွားတယ် ၊ လက်ရှိ ဆီစျေးနူန်းက ဓာတ်ဆီ ၁ လီတာကို ၄ ထောင် ၊ ဒီဇယ် ၁ ဂါလံကို ၁ သောင်းခွဲ ၊ ဒါတောင် လိုသလောက် ဝယ်မရချင်ဘူး ” လို့ ဟုမ္မလင်းမြို့ခံ တစ်ယောက်က ရှင်းပြပါတယ်။

ဒါ့အပြင် ဟုမ္မလင်းဒေသမှာ ရှိတဲ့ ရွှေတူးဖော်ရေး လုပ်ငန်းအများစုဟာလည်း စက်သုံးဆီ အခက်အခဲကြောင့် အရင်ကလို ၂၄ နာရီ လုပ်ငန်းခွင် လည်ပတ်နေတဲ့ အစား နေ့ခင်း အချိန်ပိုင်းနဲ့သာ လုပ်ကိုင်နေရတာဖြစ်တယ်လို့ သိရပါတယ်။

ဟုမ္မလင်း ၊ ဥရုချောင်းဒေသဘက်က ရွှေလုပ်ငန်းရှင် တစ်ဦး ပြောတာက ” မှော်ထဲမှာ စက်သုံးဆီ လိုအပ်ချက် အားက မြင့်တက်နေပြီး ဆီဝင်ရောက္မှုအားက မရှိသလောက်ဖြစ်နေတယ် ၊ နိုင်ငံခြားဆီက ဆီသားပါးတော့ စက္မောင်းမခံဘူး၊ ကျောက္ကာချက်ဆီကြတော့ ဒေသထွက်ဆီဖြစ်တဲ့အတွက် အမောင်းတာရှည်ခံတယ် ၊ အဲ့ဒါကြောင့် မှော်ထဲမှာက ကျောက္ကာချက်ဆီကိုပဲ အားထားနေရတာ ၊ ချင်းတွင်းမြစ်ကြောင်းမှာ ဆီဖမ်းဆီးမှုများလာတာနဲ့အမျှ ရွှေမှော်တွေမှာ အခက်ကြုံရတာ ” လို့ ဖြစ်ပါတယ်။

အဲ့ဒီလို ဖောင်းပြင် ၊ ဟုမ္မလင်း နဲ့ ခန္တီး ဒေသက ရွှေတူးဖော်ရေး လုပ်ငန်းတွေနဲ့ ဒေသတွင်း ဆီသုံးစွဲသူတွေက နေ့စဥ် သူတို့ စက်သုံးဆီ အခက်ကြုံနေရတာဟာ ချင်းတွင်းမြစ်ကြောင်းမှာ ချက်ဆီတွေ ဖမ်းဆီးတာများလာတဲ့ အတွက်ကြောင့်မို့ ဖြစ်ရတယ်လို် ပြောကြပါတယ်။

အဲ့ဒီ အဖမ်းခံရတယ်ဆိုတဲ့ စက်သုံးဆီတေွဟာ ၊ မကွေးတိုင်း ပခုက္ကူခရိုင် ၊ မြိုင်မြို့နယ်နဲ့ ပေါက္မြို့နယ်တွေဘက်က ထွက်ရှိလာတဲ့ ရေနံစိမ်းတွေကို မကွေးတိုင်း အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက် အမိန့်စာနဲ့ ဆီလုပ်ငန်းရှင်တွေက ဝယ်ယူပြီးနောက် စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ ကျောက္ကာရေနံချက် ထုတ်လုပ်ရေး ဇုန်ကနေ ကုန်ချောအဖြစ် ချက်ပြီး ပြန်လည်ဖြန့်ဖြူးရောင်းချပေးတဲ့ ဆီတွေဖြစ်တယ်လို့ လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

ဒါ့အပြင် ချင်းတွင်းမြစ်ကြောင်းမှာ အခုရက်ပိုင်း ချက်ဆီ ဖမ်းဆီးမှု များပြားလာတဲ့အတွက် ခန္တီးနဲ့ ဟုမ္မလင်း ဘက်တွေမှာ စက်သုံးဆီ အခက်ကြုံနေရတာနဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်း အစိုးရအဖွဲ့ကို EPN က ဆက်သွယ်ခဲ့ပေမယ့် အခုထိတော့ ဆက်သွယ်လို့ မရသေးပါဘူး။

သွန်းသွန်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။