Trending Now

ဖိလစ်ပိုင်သမ္မတသစ် ဘွန်းဘွန်းမားကို့စ်ဂျူနီယာ ဖြစ်လာ

Spread the love

ဖိလစ်ပိုင်သမ္မတသစ် ဘွန်းဘွန်းမားကို့စ်ဂျူနီယာ ဖြစ်လာ

EPN
နိုင်ငံတကာ၊ မေ ၁၀

ကွယ်လွန်သူ ဖိလစ်ပိုင် သမ္မတဟောင်ရဲ့ သားဖြစ်သူ ဖာဒီနန် ဘွန်းဘွန်းမားကို့စ်ဂျူနီယာဟာ ဖိလစ်ပိုင် သမ္မတရွေးကောက်ပွဲမှာ မဲအပြတ်အသတ်ဖြင့်အနိုင်ရသွားတယ်လို့ တရာဝင်မဟုတ်တဲ့ ကိန်းဂဏန်းတွေအရ သိရပါတယ်။

သူ့ဖခင်ရဲ့ ဆယ်စုနှစ်ကြာ အဏာရှင်စနစ်ကို လွန်ခဲ့တဲ့ ၁၉၈၆ ခုနှစ်နောက်ပိုင်း ပြည်သူ့အာဏာနဲ့ ဖြုတ်ချခံခဲ့ရပြီးနောက် ပထမဆုံးအကြိမ်အဖြစ် အံ့သြဖွယ်ကောင်းလောက်အောင် အပြတ်အသတ်အနိုင်ရရှိခဲ့တာပါ။

ယမန်နေ့က ကျင်ပပြုလုပ်ခဲ့တဲ့ ဖိလစ်ပိုင်သမ္မတ ရွေးကောက်ပွဲမှာ ဘွန်းဘွန်း လို့လူသိများတဲ့ မားကို့စ်ဟာ လိုအပ်တဲ့ ဆန္ဒမဲရှင် ၂၇ ဒသမ ၅ သန်းကိုကျော်လွန်သွားခဲ့ပြီး ဖိလစ်ပိုင် သမ္မတရာထူးကို ရရှိခဲ့တာဖြစ်ပါတယ်။

၃၆ နှစ်အကြာ လူထုအုံကြွမှုအတွင်း နိုင်ငံရေးလောကမှ အရှက်ရစွာ ဆုတ်ခွာသွားပြီးနောက် မားကို့စ်မိသာစုဟာ နိုင်ငံရေးလောက စင်မြင့်ပေါ်ကို ပြန်လည်တက်လှမ်းနိုင်လာခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့မှာ လုပ်စရာတွေ အများကြီးရှိတယ် ဒါကို လူတစ်ဦးတစ်ယောက်ထဲ နဲ့ ကြိုးပမ်းလို့ရနိုင်မှာ မဟုတ်ပါဘူး” လို့ ဖာဒီနန် ဘွန်ဘွန်းမားကို့စ်ဂျူနီယာက ပြောပါတယ်။

ဖိလစ်ပိုင်သမ္မတ ရာထူးကိုအနိုင်ရရှိခဲ့တဲ့ ဘွန်းဘွန်းရဲ့ မဲအရေအတွက် ၂၉ ဒသမ ၉ သန်းရှိပြီး ဒုတိယသမ္မတ လီနီရိုဘရီဒိုရဲ့ မဲအရေအတွက်ထက် နှစ်ဆဖြစ်ဖြစ်ပါတယ်။

ရွေးကောက်ပွဲကော်မရှင် (COMELEC) ရဲ့ အဆိုအရ ဖိလစ်ပိုင်နိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ မဲဆန္ဒရှင် ၆၅ ဒသမ ၇ သန်းခန့်ရှိပြီး လာရောက်မဲပေးခဲ့သူ ၈၀ ရာခိုင်နှုန်းခန့်ရှိတယ်လို့ ဆိုပါတယ်။

Source – CNA

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။