Trending Now

မိုးကောင်းမြို့၌ COVID-19 စောင့်ကြည့် လူနာတွေ့ရှိ သဖြင့်မြို့နယ်ဆေးရုံတွင်စောင့်ကြပ် ကုသနိုင်ရန်စီစဉ်

Spread the love

မိုးကောင်းမြို့၌ COVID-19 စောင့်ကြည့် လူနာတွေ့ရှိ သဖြင့်မြို့နယ်ဆေးရုံတွင်စောင့်ကြပ် ကုသနိုင်ရန်စီစဉ်

EPN
မိုးကောင်း မတ် ၂၈

မိုးကောင်းပြည်သူ့ဆေးရုံကြီးတွင် COVID -19 စောင့်ကြည့် လူနာကို မတ်လ (၂၈)ရက် တွေ့ရှိခဲ့ကြောင်း မိုးကောင်းပြည်သူ့ဆေးရုံအုပ်ကြီးထံမှ သိရသည်။

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နမ္မတီးမြို့ သစ္စာရပ်ကွက်တွင်နေထိုင်သော အသက်(၆)နှစ်အရွယ် မိန်းခလေးငယ်တွင် COVID-19 သံသယလက္ခဏာများတွေ့ရှိသဖြင့် မြို့နယ်ဆေးရုံတွင်စောင့်ကြပ် ကုသနိုင်ရန်စီစဉ်ဆောင်ရွက်နေသည်။

“ကလေးမလေးကထိုင်းနိုင်ငံ ဖူးခက်မြို့ကို ဖေဖေါ်ဝါရီလက အဖေ၊ အမေ၊ အဖိုး၊ အဖွားတွေနဲ့အတူ ဆွေမျိုး မင်္ဂလာဆောင်လိုက်သွားပြီး မတ် (၂၁)ရက်မှာ ဖူးခက်က‌နေ အဖိုး၊ အဖွားတွေနဲ့ ပြန်လာတာ။ အဖေ၊ အမေကတော့ဟိုမှာဘဲနေခဲ့တာ။ မတ်လ (၂၄)ရက်က မန္တလေးကနေ နမ္မတီးမြို့ကို အထူးအမြန်ရထားနဲ့ ပြန်လာပြီးမတ် (၂၆)ရက်မှာ COVID-19 သံသယလက္ခဏာတွေ့လို့ ဒီမှာစောင့်ကြပ် ကုသဖို့စီစဉ်နေပါတယ်”ဟု မြို့နယ်ဆေးရုံအုပ်ကြီးဒေါက်တာကောင်းမြတ်စံက ဆိုသည်။

“ကလေးမလေးအနေနဲ့က ဖျားတာ၊ ချောင်းဆိုးတာ သိပ်ဆိုးဆိုးဝါးဝါးမဟုတ်ပေမဲ့။ သံသယအကြီးကြီး ထားပြီးစောင့်ကြည့်တဲ့သဘောပေါ့။ ဖြစ်ခဲ့လို့ရှိရင် အုပ်မိအောင်ပေါ့”ဟု၎င်းမှဆက်၍ဆိုသည်။

အဆိုပါ COVID-19 စောင့်ကြည့်လူနာမှာ မိုးကောင်းမြို့တွင် ပထမဆုံး‌စောင့်ကြည့်လူနာဖြစ်ကြောင်း သိရသည်။

ချိုမောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။