Trending Now

ကန့်ဘလူမြို့နယ်မှာ ပေါက်ကွဲမှုဖြစ်ပွားပြီး လူ ၂ ဦး သေဆုံး

Spread the love

ကန့်ဘလူမြို့နယ်မှာ ပေါက်ကွဲမှုဖြစ်ပွားပြီး လူ ၂ ဦး သေဆုံး

EPN
ကန့်ဘလူ ၊ ဇူလ်ုင် ၂၅

စစ်ကိုင်းတိုင်း ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့နယ် ၊ သပြေသာကျေးရွာမှာ မနေ့ ဇူလိုင် ၂၄ ရက်ညပိုင်းက ပေါက်ကွဲမှုဖြစ်ပွားပြီး လူ ၂ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

” မနေ့ကည ၁၀ နာရီဝန်းကျင်မှာ ပေါက်ကွဲတာပါ ၊ ဒက္ခိဏဝန် ဘုန်းကြီးကျောင်းဘေးမှာဖြစ်ပြီး လူ ၂ ယောက် မိုင်းစထိမှန် အပိုင်းပိုင်းပြတ်ပြီးသေတယ် ” လို့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။

ဒါ့အပြင် သေဆုံးသူတွေဟာ ဘယ်သူ ဘယ်ဝါဖြစ်မှန်း ဒေသခံရွာသားတွေက မသိကြသလို ဘုန်းကြီးကျောင်းကို မိုင်းလာထောင်ရင်း ပေါက်ကွဲသေတာ ဖြစ်နိုင်တယ်လို့ ရွာခံတွေက ပြောပါတယ်။

အဲ့ဒီ ပေါက်ကွဲ လူသေဆုံးတာနဲ့ ပတ်သက်ပြီး ကန့်ဘလူမြို့နယ်ရဲတပ်ဖွဲ့က သေမှုသေခင်းဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် အဲ့ဒီလို ပေါက်ကွဲမှုတွေဖြစ်ပွားပြီး လူသေဆုံးရတာဟာ စစ်ကိုင်းတိုင်းထဲမှာ ၁ နှစ်အတွင်း လူ ၅၀ ထက်မနည်း ရှိခဲ့ပြီလို့ သိရပါတယ်။

သွန်းသွန်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။