Trending Now

ဘိလပ်မြေအိတ် တန် ၄၀၀၀ ခန့် သယ်ဆောင်လာသည့် ကုန်တင်ရေယာဥ် တိမ်းစောင်းမှု တပ်မတော် (ရေ) မှ ကူညီကယ်ဆယ်

Spread the love

ဘိလပ်မြေအိတ် တန် ၄၀၀၀ ခန့် သယ်ဆောင်လာသည့် ကုန်တင်ရေယာဥ် တိမ်းစောင်းမှု တပ်မတော် (ရေ) မှ ကူညီကယ်ဆယ်

EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၁၂ (၂၀၂၃)

ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း စက်တင်ဘာ ၁၀ ရက်၊ ည ၁၁ နာရီခန့်တွင် ဟိုင်းကြီးကျွန်း၏ အနောက်တောင်ဘက် ၁၀မိုင်ခန့်အကွာ၌ ကုန်တင်ရေယာဉ်တစ်စီး ရေဝင် တိမ်းစောင်းမှု ဖြစ်ပေါ်ခဲ့ပြီး တပ်မတော်(ရေ)မှ ကူညီကယ်ဆယ်ပေးခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့ မှ စစ်တွေမြို့ သို့ ထွက်ခွာလာသည့် MV ရွှေအိမ်သည် အမည်ရှိ ကကုန်တင်ရေယာဉ်သည် ရာသီ ဥတုဆိုးရွားကာ လှိုင်းလေ ပြင်းထန်ခြင်းကြောင့် ရေယာဉ်ပေါ်တွင် တင်ဆောင်လာသော ဘိလပ်မြေအိတ် တန် ၄၀၀၀ ခန့်မှာ ရွေ့လျား၍ ရေယာဉ်တိမ်းစောင်းကာ စက်ခန်းအတွင်း ရေဝင်ရောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယင်း ကုန်တင်ရေယာဥ်အား တပ်မတော် (ရေ)မှ လုံခြုံရေးတပ်ဖွဲ့ဝင်များက စက်လှေ၏ စက်ခန်း အတွင်း ရေဝင်ရောက်မှုအား ရေစုပ်ထုတ်ပေးခြင်းနှင့် လိုအပ်သည့် ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆာကူရာ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။