Trending Now

အွန်လိုင်းကနေ အနမ်းပေးလို့ရတဲ့ စက်ကို တရုတ်တီထွင်

Spread the love

အွန်လိုင်းကနေ အနမ်းပေးလို့ရတဲ့ စက်ကို တရုတ်တီထွင်

EPN
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၈

ချစ်သူတွေအတွက် အွန်းလိုင်းကတဆင့် အနမ်းပေးလို့ရတဲ့စက်ကို တရုတ်နိုင်ငံကတီထွင်ခဲ့ပြီး တစ်ခုကို ၂၈၈ ယွမ် (အမေရိကန်ဒေါ်လာ ၄၁) ဒေါ်လာနဲ့ ဝယ်ယူလို့ ရနေပြီလို့ သိရပါတယ်။

ဒီစက်မှာ ဆီလီကွန်နှုတ်ခမ်းသားတွေပါပြီး ဖိအားအာရုံခံ Sensor တွေပါတဲ့အတွက် အသုံးပြုသူရဲ့ နှုတ်ခမ်းဖိအား၊ လှုပ်ရှားမှုနဲ့ အပူချိန်တွေကို မိတ္တူကူးပြီး ပို့ပေးနိုင်ယုံသာမက အသုံးပြုသူရဲ့ အသံကိုပါ ပေးပို့ဆက်သွယ်နိုင်တယ်လို့ သိရပါတယ်။

ဒီစက်ကို အသုံးပြုဖို့အတွက် မိုဘိုင်းလ်ဖုန်းအက်ပ်တစ်ခုကို ဒေါင်းလုဒ်လုပ်ကာ စက်နဲ့ ချိတ်ဆက်ရမှာပြီးပြီး စုံတွဲတွေအနေနဲ့ ဗီဒီယို CALL ကနေတဆင့် အနမ်းပေးလို့ရတယ်လို့ သိရပါတယ်။

ဒီစက်ဟာ ကမ္ဘာတစ်ဝန်းမှာ နာမည်ကြီးနေသလို တရုတ်နိုင်ငံအတွင်းက အွန်လိုင်းဈေးဝယ် စင်တာတစ်ခုဖြစ်တဲ့ Taobao မှာလည်း အသုံးပြုသူတွေက ကောင်းမွန်တဲ့ မှတ်ချက်တွေ ပြုထားကြတဲ့အတွက် အဝေးက ချစ်သူတွေကို အနမ်းပေးချင်ရင်တော့ နာမည်ကြီး အွန်လိုင်းဈေးဝယ် စင်တာတွေမှာ ဝယ်ယူလို့ ရနေပြီလို့ သိရပါတယ်။

Ref; This Chinese kissing device lets you smooch over the internet

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။