Trending Now

Facility Quarantine Centre များအတွက် တစ်ကိုယ်ရည်သုံး ပစ္စည်းများလှူဒါန်း

Spread the love

Facility Quarantine Centre များအတွက် တစ်ကိုယ်ရည်သုံး ပစ္စည်းများလှူဒါန်း

EPN
မိုးမောက်၊ မေ ၂၀

ကချင်ပြည်နယ် မိုးမောက်မြို့တွင် Facility Quarantine Centre များအတွက် တစ်ကိုယ်ရည်သုံး ပစ္စည်းများ လှူဒါန်းပေးအပ်ပွဲကို မေ ၁၉ ရက် ယမန်နေ့ နံနက် ၁၀နာရီ က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ္စည်းများကို ဖြစ်ပြီး မိုးမောက်မြို့နယ် အတွင်းရှိ COVID- 19 Facility Quarantine များတွင် အသုံးပြုရန်အတွက် တစ်ကိုယ်ရည်သုံး ပစ္စည်းများကို SOLIDARITES INTERNATIONAL မှ လှူဒါန်းခဲ့ခြင်း ဖြစ်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်မင်းကို၊ မြို့နယ်စည်ပင် အမှုဆောင်အရာရှိ ဦးသန်းဝင်း တို့မှ လက်ခံယူခဲ့ကြသည်။

လှူဒါန်းသည့် ပစ္စည်းများမှာ မြန်မာကာဘော်လစ် ဆပ်ပြာ (၁၇၀) ချောင်း၊ သွားတိုက်တံ/ဆေး(၁၇၀)စုံ၊ ပလပ်စတစ်ရေခွက် (၁၇၀)လုံး၊ အမှိုက်ပုံး(၃၀)လုံး၊ တာပေါ်လင် (၃၀)ချပ်၊ လက်ဆေးဘေစင်အစုံ (၁၇)စုံ၊ ဆပ်ပြာရည် (၃၄)ဗူးတို့ ပါဝင်ကြောင်း သိရသည်။

လက်ရှိတွင် မေ ၁၈ ရက်နေ့အထိ စာရင်းအရ မိုးမောက်မြို့နယ် လွယ်ဂျယ် နယ်စပ် စစ်ဆေးရေးဂိတ်မှ ပြန်လည်ဝင်ရောက်လာသည့် Quarantine စခန်းဝင်နေသူ ကျား ၁၀၀၈ ဦး၊ မ ၅၆၁ ဦး၊ စုစုပေါင်း ၂၅၆၉ဦး ရှိကြောင်း မြို့နယ် အထွေ ထွေအုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရသည်။

ဗန်းမော်သုခမိန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။