Trending Now

ရောဂါလက္ခဏာ ပြင်းထန်လာနိုင်ခြေ မြင့်မားတဲ့ အုပ်စုအနေနဲ့ ကိုဗစ် ကာကွယ်ဆေး ပုံမှန်ထိုးဖို့ WHO အကြံပြု

Spread the love

ရောဂါလက္ခဏာ ပြင်းထန်လာနိုင်ခြေ မြင့်မားတဲ့ အုပ်စုအနေနဲ့ ကိုဗစ် ကာကွယ်ဆေး ပုံမှန်ထိုးဖို့ WHO အကြံပြု

EPN
နိုင်ငံတကာ၊ မတ် ၃၀

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) ဟာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးနှံမှုဆိုင်ရာ အခုနောက်ဆုံး လမ်းညွှန်ချက်တွေကို အင်္ဂါနေ့က ထုတ်ပြန်လိုက်ပါတယ်။

ထုတ်ပြန်ချက်ထဲမှာ ရာဂါလက္ခဏာ ပြင်းထန်လာနိုင်ခြေ မြင့်မားတဲ့သူတွေအနေနဲ့ ပုံမှန်ကာကွယ်ဆေးထိုးဖို့ တိုက်တွန်းထားပါတယ်။
အဲဒီလမ်းညွှန်ချက်တွေထဲမှာ ဦးစားပေးအဆင့် မြင့်တဲ့ အုပ်စု၊ ဦးစားပေးအဆင့် အလယ်အလတ် အုပ်စုနဲ့ ဦးစားပေးအဆင့် နိမ့်တဲ့ အုပ်စုဆိုပြီး အုပ်စု ၃ ခု ခွဲထားပြီး ကာကွယ်ဆေး ဦးစားပေးထိုးမှုကို သတ်မှတ်ထားပါတယ်။

“ဦးစားပေးအဆင့် မြင့်တဲ့” အုပ်စုမှာ ရှေ့တန်းက ကျန်းမာရေးစောင့်ရှောက်မှုဝန်ထမ်းတွေ၊ သက်ကြီးရွယ်အိုတွေ၊ ဆီးချိုနဲ့ နှလုံးရောဂါ စတဲ့ ရောဂါအခံ ရှိသူတွေ၊ ကိုယ်ခံအားစနစ် အားနည်းသူတွေနဲ့ ကိုယ်ဝန်ဆောင်တွေ ပါဝင်ပါတယ်။

ဒီအုပ်စုထဲ ပါဝင်သူတွေအနေနဲ့ နောက်ဆုံးတစ်ကြိမ် ကာကွယ်ဆေးထိုးပြီး ၆ လ ဒါမှမဟုတ် ၁၂ လ ကြာပြီးနောက်မှာ နောက်ထပ် ကာကွယ်ဆေး အားဖြည့်ထိုးနှံသင့်တယ်လို့ ကျွမ်းကျင်ပညာရှင်တွေက အကြံပေးထားပါတယ်။

“ဦးစားပေးအဆင့် အလယ်အလတ်” အုပ်စုမှာတော့ ကျန်းမာရေးကောင်းမွန်တဲ့ အသက် ၆၀ အောက်က လူတွေ၊ ရောဂါအခံရှိတဲ့ ကလေးတွေနဲ့ လူငယ်တွေ ပါဝင်ပါတယ်။ ဒီအုပ်စုထဲ ပါဝင်သူတွေအနေနဲ့ ပထမဆုံးအကြိမ် အားဖြည့်ထိုးနှံမှုကိုသာ လုပ်ဆောင်သင့်တယ်လို့ အကြံပေးထားပါတယ်။

“ဦးစားပေးအဆင့် နိမ့်တဲ့” အုပ်စုမှာတော့ ကျန်းမာရေးကောင်းမွန်တဲ့ ကလေးတွေနဲ့ ဆယ်ကျော်သက်တွေ ပါဝင်ပါတယ်။ ဒီအုပ်စုထဲ ပါဝင်သူတွေအတွက် ကာကွယ်ဆေးထိုးမှုနဲ့ ပတ်သက်ပြီး နိုင်ငံရဲ့ အစိုးရက ဆုံးဖြတ်နိုင်တယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ဆိုပါတယ်။

Source: NHK

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။