Trending Now

ရွှေဘိုမြို့မှာ ဗီဒီယိုခွေ အရောင်းဆိုင် လုပ်ငန်းရှင်း တစ်ဦး အဖမ်းခံရ

Spread the love

ရွှေဘိုမြို့မှာ ဗီဒီယိုခွေ အရောင်းဆိုင် လုပ်ငန်းရှင်း တစ်ဦး အဖမ်းခံရ

EPN
ရွှေဘို ၊ ဇူလိုင် ၊ ၁

စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့ ၊ အမှတ် ၃ ရပ်ကွက် ၊ အိန္ဒြာရပ်မှာရှိတဲ့ ဗီဒီယိုခွေ အရောင်းဆိုင် လုပ်ငန်းရှင်းတစ်ဦးဟာ မနေ့ ဇွန် ၃၀ ရက် ညနေပိုင်းက ဖမ်းဆီးခံလိုက်ရတယ်လို့ အမှတ် ၃ ရပ်ကွက်နေ ဒေသခံတွေဆီက သိရပါတယ်။

” အမှတ် ၃ ဆားကျင်းကုန်ရပ်ထဲက ဖြိုးဝေ ဗီဒီယိုခွေ အရောင်းဆိုင်ပိုင်ရှင် ကိုပြည့်ဖြိုးလျှံဝေ ခေါ် ကို ဖြိုးဝေ အဖမ်းခံရတာ.” လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

အဲ့ဒီ ဗီဒီယိုခွေအရောင်းဆိုင် လုပ်ငန်းရှင် အဖမ်းခံရတာနဲ့ ပတ်သက်ပြီး ရွှေဘိုမြို့နယ်ရဲတပ်ဖွဲ့ရုံးနဲ့ နီးစပ်သူတစ်ယောက် ပြောတာက ” မနေ့က ညနေပိုင်း ၄ နာရီဝန်းကျင်က ဖမ်းတာပါ ၊ ဖမ်းရတဲ့ အကြောင်းက သူရဲ့ လူမှုကွန်ယက်ပေါ်မှာ အကြမ်းဖက်အားပေး ဝါဒဖြန့်စာတွေ ရေးသားဖြန့်ဝေနေတဲ့အတွက်ဖြစ်တယ် ၊ အမှုဖွင့်အရေးယူထားတယ် ” လို့ ဖြစ်ပါတယ်။

ဒါ့အပြင် ရွှေဘိုမြို့ပေါ်မှာ ပြီးခဲ့တဲ့ ၂၀၂၁ ၊ အောက်တိုဘာကစလို့ ဟိုတယ် ၊ တည်းခိုခန်း ၊ အလှပြင်ဆိုင် ၊ ဓာတ်ပုံနဲ့ ဗီဒီယိုရိုက်ကူးရေး လုပ်ငန်း ၊ ကွန်ပျူတာစာစီ စာရိုက် လုပ်ငန်း စတဲ့ စီးပွားရေး လုပ်ငန်းရှင် ၂ ဒါဇင်ကျော် အဖမ်းခံထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သွန်းသွန်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။