Trending Now

ဟောင်ကောင်တွင် စာသင်ကျောင်းများကို မေ ၂၇ ရက်တွင် ပြန်လည်ဖွင့်လှစ်မည်

Spread the love

ဟောင်ကောင်တွင် စာသင်ကျောင်းများကို မေ ၂၇ ရက်တွင် ပြန်လည်ဖွင့်လှစ်မည်

EPN
နိုင်ငံတကာ၊ မေ ၆

ဟောင်ကောင်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံမှုဖြစ်ပွားနေစဉ် လူမှုရေးကန့်သတ်ချက်များကို ဖြေလျော့ပေး သည့်အနေဖြင့် မေလကုန်မှစ၍ ကျောင်းများကို တဖြေးဖြေးချင်း ပြန်လည်ဖွင့်လှစ်ရန် ဟောင်ကောင်အစိုးရက စီစဉ်လျက်ရှိသည်။

ဟောင်ကောင်အမှုဆောင်အရာရှိချုပ် ကယ်ရီလမ်က အင်္ဂါနေ့က ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ဟောင်ကောင် ရှိ ကျောင်းများကို ဇန်နဝါရီလနှောင်းပိုင်းမှ စတင်ပြီး ပိတ်ထားခဲ့ခြင်းဖြစ်ပြီး မေလ ၂၇ရက်နေ့တွင် ကျောင်းများကို ပြန်လည်ဖွင့်လှစ်ရန် အစိုးရက စီစဉ်လျက်ရှိသည်။

လာမည့် သောကြာနေ့မှ စတင်ပြီး အားကစားရုံများနှင့် ရုပ်ရှင်ရုံများကို ပြန်လည်ဖွင့်လှစ်ရန် အစိုးရက စတင်ခွင့် ပြုမည်ဖြစ်သည်။ အဆိုပါအခြေအနေတွင် လူလေးဉီးထက် ပိုပြီးစုဝေးခြင်းကို တားမြစ်ပြီး ရှစ်ဉီးပိုပြီး စုဝေးခြင်းမ ပြုရန် တားမြစ်မည်ဖြစ်သည်။

ဟောင်ကောင်တွင် ကိုရိုနာကူးစက်ခံရသူပေါင်း ၁၀၄၁ဉီးရှိကြောင်း ဟောင်ကောင် တာဝန်ရှိသူများက ပြောကြားခဲ့ သည်။ ဧပြီ ၂၀ရက်နေ့နောက်ပိုင်းမှ စတင်ပြီး ရောဂါဖြစ်ပွားသူ အသစ်မတွေ့ရှိခဲ့ရပေ။ ဗိုင်းရပ်စ်ကာကွယ် ရေးအတွက် ဆက်လက်လုပ်ဆောင်သွားရန် အစိုးရက ပြည်သူများသို့ တိုက်တွန်းလျက်ရှိသည်။

ဒေသခံသုတေသနဌာနတစ်ခုမှ တီထွင်ထားသည့် ပြန်လည်အသုံးပြုနိုင်သည့် မျက်နှာဖုံးကိုဖြန့်ဝေရန် အစိုးရက စီစဉ်ထားသည်။ မျက်နှာဖုံးများ ဖြန့်ဖြူးခြင်းကို ယခုလကုန်တွင် စတင်မည်ဖြစ်ပြီး အရွယ်ရောက်ပြီး ကလေးငယ်များမှစပြီး တစ်ဉီးလျင် နှစ်ခုစီပေးမည်ဖြစ်သည်။

–ကိုးကား–
အင်န်အိတ်ချ်ကေ
Ref; Hong Kong schools to start reopening from May 27


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။