Trending Now

မြောက်ကိုရီးယားက အမေရိကန်ကို ခြိမ်းခြောက်တဲ့ တိုက်ချင်းပစ် ဒုံးကျည် ပစ်လွှတ်

Spread the love

မြောက်ကိုရီးယားက အမေရိကန်ကို ခြိမ်းခြောက်တဲ့ တိုက်ချင်းပစ် ဒုံးကျည် ပစ်လွှတ်

EPN
နိုင်ငံတကာ၊ ဇူလိုင် ၁၂

မြောက်ကိုရီးယားက တိုက်ချင်းပစ်ဒုံးကျည် (ICBM) တစ်စင်းကို ဒီနေ့ ဇူလိုင်လ ၁၂ ရက်နေ့ မနက်ပိုင်းက ပစ်လွတ်ခဲ့ပြီး ဂျပန်ပင်လယ်ပြင်ထဲကို မကျရောက်မီ တစ်နာရီကျော်ကြာ ပျံသန်းခဲ့တယ်လို့ ဂျပန်နဲ့ တောင်ကိုရီးယားက ပြောပါတယ်။

မကြာသေးမီက အမေရိကန် ကင်းထောက်လေယာဉ်တွေ မြောက်ကိုရီးယားရဲ့ လေပိုင်နက်ထဲကို ကျူးကျော်ဝင်ရောက်နေမှုနဲ့ ရေငုတ်သင်္ဘောစေလွတ်မှုအတွက် လက်တုံ့ပြန်မယ်လို့ ခြိမ်းခြောက်ခဲ့ပြီးနောက် ဒုံးကျည်ပစ်ခတ်မှု ထွက်ပေါ်လာတာဖြစ်ပါတယ်။

အမေရိကန်က မြောက်ကိုရီးယားရဲ့ စွပ်စွဲချက်တွေကို ပယ်ချခဲ့ပြီး စစ်တပ်ရဲ့ ကင်းလည့်မှုဟာ နိုင်ငံတကာဥပဒေနဲ့အညီပြုလုပ်ခဲ့တာဖြစ်ကြောင်း တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

မြောက်ကိုရီးယားက အမေရိကန် ပိုက်နက်ထဲရောက်အောင် ပစ်လွတ်နိုင်တဲ့ ဒုံးကျည်တွေအပါအဝင် ၂၀၂၂ ခုနှစ်က စံချိန်တင် ဒုံးကျည်ပစ်လွှတ်မှု အများအပြားပြုလုပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလကလည်း ပထမဆုံးသော လောင်စာဆီသုံး တိုက်ချင်းပစ်ဒုံးကျည် (ICBM) ကို စမ်းသပ်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုရဲ့ ဘယ်နေရာကို မဆို ပစ်မှတ်ထားတိုက်ခိုက်နိုင်ဖွယ်ရှိတယ်လို့ ရိုက်တာက သုံးသပ်ထားပါတယ်။

Ref; reuters

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။