Trending Now

ဂျာမနီမှာ စစ်သားသစ် စုဆောင်းဖို့ အခက်တွေ့နေ

Spread the love

ဂျာမနီမှာ စစ်သားသစ် စုဆောင်းဖို့ အခက်တွေ့နေ

EPN
နိုင်ငံတကာ၊ သြဂုတ် ၄

ဂျာမနီစစ်တပ်ဟာ တပ်သားသစ်တွေ စုဆောင်းနိုင်ဖို့အတွက် အခက်တွေ့နေပြီး လူသားအရင်းအမြစ်နဲ့ ရန်ပုံငွေနည်းပါးတဲ့ ပြသနာကိုပါ ရင်ဆိုင်နေရတယ်လို သိရပါတယ်။

ဂျာမန် ကာကွယ်ရေးဝန်ကြီး ဘောရစ် ပစ်တိုးရီးရပ်စ် က စတုဂတ်မြိုက လက်နက်ကိုင်တပ်ဖွဲတွေရဲ့ အသက်မွေးဝမ်းကျောင်းစင်တာကို ရောက်ရှိချိန်မှာ ဝန်ခံခဲ့တာပါ။

“လူတိုင်းက ကျွန်တော်တို့တပ်ဖွဲ့ မှာ ဝန်ထမ်းမလုံလောက်မှုအကြောင်း ပြောနေကြတာပါ၊ ဒါက ကျွန်တော်ထက် ဘယ်သူမှ ပိုမသိပါဘူး” လို့ သူက သတင်းထောက်တွေကို ပြောပါတယ်။

မနှစ်က အလားတူကာလနဲ့ ယှဉ်ရင် ဒီနှစ်မှာ စစ်တပ်ထဲကိုဝင်ဖို့ လျှောက်ထားသူ ခုနစ်ရာခိုင်နှုန်း လျော့သွားခဲ့ပြီး စစ်သင်တန်းတက်နေစဉ် ကျောင်းထွက်တဲ့ ရာခိုင်နှုန်းက ၃၀ ရာခိုင်နှုန်း အထိရှိနေတယ်လို့ သိရပါတယ်။

စစ်တပ်အတွင်းမှာလည်း တပ်သားတွေအတွက် ဝန်ဆောင်မှုတွေက နည်းပါးနေပြီး အချို့နေရာတွေမှာဆိုရင် wi-fi နဲ့ အိမ်သာတွေတောင် မရှိဘူးလို စစ်တပ်ကို စီစစ်ဖို့ တာဝန်ယူထားတဲ့ လွှတ်တော်အမတ် အီဗာဟိုဂလ်က ထောက်ပြခဲ့ပါတယ်။

စစ်တပ်ကို ပြန်လည်ပြင်ဆင်ဖို့ အထူးရန်ပုံငွေ ယူရို ၁၀၀ ဘီလျံသတ်မှတ်ထားခဲ့ပေမယ့် နှေးကွေးတဲ့ ဗျူရိုကရေစီ ဆုံးဖြတ်ချက်တွေကြောင့် ၂၀၂၂ အတွင်းမှာ အသုံးမပြုနိုင်ခဲ့ဘူးလိုလည်း သိရပါတယ်။

အခုခေတ်လူငယ်တွေဟာ စစ်မှုထမ်းဘဝနဲ့ အသက်မွေးဝမ်းကြောင်းပြုဖို့အတွက် အလုပ်နဲ့ ဘ၀ ဟန်ချက်မညီမျှမှုဖြစ်ပေါ်မှာကို စိုးရိမ်နေကြတယ်လို့ ပစ်တိုးရီးရပ်စ် ကပြောပါတယ်။

ဒါ့အပြင် ဂျာမန်လူ့အဖွဲ့အစည်းမှာ အသက်အရွယ်ကြီးရင့်သူတွေများလာတဲ့အတွက် စက်မှုလုပ်ငန်းတွေမှာ လုပ်သားရှားပါးမှုဖြစ်ပေါ်နေတာက စစ်မှုထမ်းခေါ်ယူဖို့အတွက် အဓိက အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။

Ref; DFP

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။