Trending Now

မိုးညှင်းမြို့လယ် ကြိုးတံတား တည်ဆောက်ပြုပြင်ခြင်းနေရာတွင် စစ်ကျန်ဗုံးသီးဟောင်း တစ်လုံး တွေ့ရှိ

Spread the love

မိုးညှင်းမြို့လယ် ကြိုးတံတား တည်ဆောက်ပြုပြင်ခြင်းနေရာတွင် စစ်ကျန်ဗုံးသီးဟောင်း တစ်လုံး တွေ့ရှိ

EPN
မိုးညှင်း၊ ဇွန် ၁

မိုးညှင်းမြို့၊ နားခါတောင်ရပ်ကွက်ရှိ မြို့လယ်ကြိုးတံတားဟောင်းနေရာတွင် တံတားအသစ် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိရာ ယနေ့ ၃ နာရီခွဲအချိန်ခန့်က ယင်းတံတား အနောက်ဘက်ထိပ်တွင် ဗုံးသီးဟောင်း တစ်လုံး တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဗုံးသီးဟောင်းကို ယနေ့ ဇွန် ၁ ရက် ညနေ ၃ နာရီခွဲ အချိန်တွင် မိုးညှင်းမြို့လယ်တံတား အုတ်မြစ်ချရန် ဘက်ဟိုးဖြင့် မြေကျင်းတူးရာမှ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး အလျား ၃ပေ၊ လုံးပတ် ၃ ပေခန့်ရှိ လေတပ်သုံး စစ်ကျန်ဗုံးသီးဟောင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ ဗုံးသီးဟောင်းအား ခလရ (၁၅) မှ ဗိုလ်ကြီး အာကာပိုင် ဦးစီးအဖွဲ့မှ တပ်မတော်ပိုင် မော်တော်ယာဉ်ဖြင့် အမှတ် (၉၀၄) အမြောက်တပ်သို့ သယ်ဆောင်သွားကြောင်း သိရသည်။

မင်္ဂလာဦး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။