Trending Now

ရွှေသုဝဏ်ဆရာတော်ကြီး ဘဝနတ်ထံ ပျံလွန်တော်မူ

Spread the love

ရွှေသုဝဏ်ဆရာတော်ကြီး ဘဝနတ်ထံ ပျံလွန်တော်မူ

EPN
မြစ်ကြီးနား ၊ မေ ၂၁

နိုင်ငံတော်သြဝါဒစရိယ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တသဒ္ဓိယ D.Litt (Doctor of Literature)ရွှေသုဝဏ် ဆရာတော်ကြီးသည် မေ ၂၀ ရက်ည ၁ နာရီ ၄၀ မိနစ်က ပျံလွန်တော်မူသွားခဲ့ကြောင်း သိရသည်။

ရွှေသုဝဏ်ဆရာတော်ကြီးသည် အမှတ်(၂)တပ်မ တော်ဆေးရုံ ကုတင်၅၀၀ ၌ဆေးကုသမှုခံယူလျက်ရှိရာမှ ပျံလွန်တော်မူသွားခဲ့ခြင်းဖြစ်သည်။

ဆရာတော်ကြီး၏ ကြွင်းကျန်ရစ်သည့် ရုပ်ကလာပ်တော်အား သင်္ဃန်းကျွန်းမြို့နယ်၊ကြီးပွားရေးရပ်ကွက်ရှိ ရွှေသုဝဏ်ကျောင်းတိုက်၌ မေ ၂၈ ရက်အထိအပူဇော်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

ပုညနိမ္မိတာရာမ ရွှေသုဝဏ်ကျောင်းတိုက် ပဓာနနာယကဆရာ တော် ဘဒ္ဒန္တသိဒ္ဓိယသည် မန္တလေးမြို့ ဝိသုဒ္ဓါရုံကျောင်းတိုက် တွင် ပရိယတ္တိစာပေများသင်ယူခဲ့ပြီး ပထမငယ်ပထမလတ်၊ ပထမကြီး စာမေးပွဲများနှင့် ဓမ္မာစရိယစာချတန်းကို ဂုဏ်ထူး သုံးကျမ်းခွဲ အောင် မြင်ခဲ့သည်။

ဆရာတော်ကြီးသည် မန္တလေးမြို့၌ (၁၇)နှစ်ကြာနေထိုင်ခဲ့ပြီး ရန်ကုန်သို့ ပြောင်းရွှေ့ကာ သာသနာပြုလုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။