Trending Now

၂၀၂၃ခုနှစ် တက္ကသိုလ်ဝင် စာမွေးပွဲတွင် ကချင်ပြည်နယ်မှ အောင်ချက်ရာခိုင်နှုန်း ဒုတိယအဆင့်ရရှိ

Spread the love

၂၀၂၃ခုနှစ် တက္ကသိုလ်ဝင် စာမွေးပွဲတွင် ကချင်ပြည်နယ်မှ အောင်ချက်ရာခိုင်နှုန်း ဒုတိယအဆင့်ရရှိ

EPN
မြစ်ကြီးနား၊ ဇွန် ၉

၂၀၂၃ခုနှစ် တက္ကသိုလ်ဝင် စာမွေးပွဲ အောင်စာရင်းများကို ယနေ့ ဇွန်လ (၉)ရက်နေ့၊ နံနက် (၄)နာရီ အချိန်ခန့်က စတင်ကာ ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ ထုတ်ပြန်ခဲ့ပြီး ကချင်ပြည်နယ် အနေဖြင့် အောင်ချက်ရာခိုင်နှုန်း ဒုတိယအဆင့်ရရှိခဲ့ကြောင်း သိရသည်။

တိုင်းနှင့်ပြည်နယ် တစ်ခုလုံးတွင် အောင်ချက်ရာခိုင်နှုန်း ပထမအဆင့်အနေဖြင့် မကွေးတိုင်းဒေသကြီးမှ ရရှိခဲ့ကာ အောင်ချက်ရာခိုင်နှုန်း ဒုတိယအဆင့်အနေဖြင့် ကချင်ပြည်နယ်နှင့် အောင်ချက်ရာခိုင်နှုန်း တတိယအဆင့်ကို မန္တလေးတိုင်း ဒေသကြီးမှ ရရှိခဲ့ကြောင်းသိရသည်။

ကချင်ပြည်နယ်တွင် ၂၀၂၃ခုနှစ်တက္ကသိုလ်ဝင်စာမွေးပွဲကို ကျောင်းသားကျောင်းသူပေါင်း (၉၅၃၃)ဦး ဝင်ရောက်ဖြေဆိုခဲ့ကာ အောင်မြင်သူ (၇၀၅၇) ဦး ရှိခဲ့ပြီး အောင်ချက်ရာခိုင်နှုန်း ၇၄ဒဿမ၀၃ ရာခိုင်နှုန်း ရရှိခဲ့ကြောင်းသိရသည်။

တိုင်းနှင့် ပြည်နယ်အလိုက် အောင်ချက်ရာခိုင်နှုန်းများမှာ ကချင်ပြည်နယ်မှ ၇၄ဒဿမ၀၃ ရာခိုင်နှုန်း ၊ ကယားပြည်နယ်မှ ၆၉ဒဿမ၁၆ ရာခိုင်နှုန်း၊ ကရင်ပြည်နယ်မှ ၆၅ဒဿမ၅၅ ရာခိုင်နှုန်း၊ ချင်းပြည်နယ်မှ ၇၂ဒဿမ၄၂ ရာခိုင်နှုန်း၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ၆၅ဒဿမ၆၁ရာခိုင်နှုန်း၊ တနင်္သာရီတိုင်းဒေသကြီးမှ ၆၈ဒဿမ၀၃ရာခိုင်နှုန်း၊ နေပြည်တော်မှ ၆၃ဒဿမ၈၆ရာခိုင်နှုန်း၊ ပဲခူးတိုင်းဒေသကြီး(အရှေ့)မှ ၆၈ဒဿမ၅၂ရာခိုင်နှုန်း၊ ပဲခူးတိုင်းဒေသကြီး(အနောက်)မှ ၆၉ဒဿမ၁၄ရာခိုင်နှုန်း၊ မကွေးတိုင်းဒေသကြီးမှ ၇၅ဒဿမ၀၄ရာခိုင်နှုန်း၊မန္တလေးတိုင်းဒေသကြီးမှ ၇၂ဒဿမ၅၈ရာခိုင်နှုန်း၊ မွန်ပြည်နယ်မှ ၇၂ဒဿမ၃၃ရာခိုင်နှုန်း၊ ရခိုင်ပြည်နယ်မှ ၅၈ဒဿမ၈၆ရာခိုင်နှုန်း၊ ရန်ကုန်တိုင်းဒေသကြီးမှ ၆၄ဒဿမ၂၀ရာခိုင်နှုန်း၊ ရှမ်းပြည်နယ်(တောင်)မှ ၆၆ဒဿမ၇၆ရာခိုင်နှုန်း၊ ရှမ်းပြည်နယ်(မြောက်)မှ ၇၁ဒဿမ၃၇ရာခိုင်နှုန်း၊ ရှမ်းပြည်နယ်(အရှေ့)မှ ၅၅ဒဿမ၃၈ရာခိုင်နှုန်း၊ ဧရာဝတီတိုင်းဒေသကြီးမှ ၆၇ဒဿမ၉၅ ရာခိုင်နှုန်းနှင့် နိုင်ငံခြားမှ ၉၀ဒဿမ၉၁ ရာခိုင်နှုန်း ရရှိခဲ့ကြောင်း သိရသည်။

တစ်နိုင်ငံလုံးအနေဖြင့်၂၀၂၃ခုနှစ်တက္ကသိုလ်ဝင် စာမွေးပွဲကို ကျောင်းသားကျောင်းသူပေါင်း (၁၆၁၈၅၀) ဦး ဝင်ရောက်ဖြေဆိုခဲ့ကာ အောင်မြင်သူ (၁၀၉၈၅၁) ဦး ရှိခဲ့ပြီး အောင်ချက်ရာခိုင်နှုန်း ၆၇ဒဿမ၈၇ ရာခိုင်နှုန်း ရရှိခဲ့ကြောင်း သိရသည်။

ယခင်နှစ်၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမွေးပွဲကိုတော့ ကျောင်းသား၊ကျောင်းသူပေါင်း (၁၁၄၈၃) ဦး ဝင်ရောက်ဖြေဆိုခဲ့ကာ အောင်မြင်သူ (၅၃၂၅) ဦး ရှိခဲ့ပြီး အောင်ချက်ရာခိုင်နှုန်း ၄၆ဒဿမ၃၇ ရာခိုင်နှုန်း ရရှိခဲ့ကြောင်း သိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။