Trending Now

အန္ဒိယနိုင်ငံတွင် ရေကြီးရေလျံမှုတွေ ဆက်လက်ဖြစ်ပွားနေပြီး သေဆုံးသူဦးရေ ၃၀ အထိမြင့်တက်လာ

Spread the love

အန္ဒိယနိုင်ငံတွင် ရေကြီးရေလျံမှုတွေ ဆက်လက်ဖြစ်ပွားနေပြီး သေဆုံးသူဦးရေ ၃၀ အထိမြင့်တက်လာ

EPN
နိုင်ငံတကာ၊ မေ ၂၈

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ်မှာ ရေကြီးမှုများဆက်လက်ဖြစ်ပွားနေတာကြောင့် လူပေါင်းသန်းတစ်ဝက်ကျော် ရေဘေးသင့်ပြီး သေဆုံးသူဦးရေ ၃၀ အထိမြင့်တက်လာခဲ့တယ်လို့ အဏာပိုင်တွေက မေလ ၂၇ ရက်နေ့မှာ ပြောပါတယ်။

မုတ်သုံရာသီအတွင်း နှစ်စဉ် ရေကြီးရေလျှံမှုများဖြစ်ပွားလေ့ရှိတဲ့ အာသံပြည်နယ်အတွင်းမှာ ရေကြီးရေလျှံမှုတွေ ဆက်လက်ဖြစ်ပွားနေပြီး ခရိုင် ၁၂ ခုရေဘေးသင့်ခဲ့တယ်လို့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့က ပြောပါတယ်။

အာသံပြည်နယ်အတွင်းရှ နာဂါအွန်ခရိုင်အတွင်း ရေကြီးမှုနဲ့ မြေပြိုမှုတို့ကြောင့် သေဆုံးသူ အရေအတွက်ဟာ ၃၀ အထိရှိလာတယ်လို့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြောပါတယ်။

ရေကြီးရေလျှံမှုတွေကြောင့် ကျေးရွာပေါင်း ၉၅၆ ရွာရေလွှမ်းမိုးခံခဲ့ရပြီး သီးနှံစိုက်ပျိုးမြေ ၄၇၁၃၉ ဒသမ ၁၂ ဟက်တာ အထိ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသတွင်း အာဏာပိုင်တွေက ပြောပါတယ်။

လက်ရှိ အာသံပြည်နယ်အတွင်းမှာ ဒေသန္တရအာဏာပိုင်တွေက ကယ်ဆယ်ရေးစခန်း ၃၆၅ ခု ဖွင့်လှစ်ထားပြီး စုစုပေါင်း ကလေးဦးရေ ၁၃၉၈၈ ဦးအပါအဝင် လူပေါင်း ၆၆၈၃၆ ဦးဟာ ဒုက္ခသည်အဖြစ်နဲ့ လာရောက်ခိုလုံနေရတယ်လို့ ဆိုပါတယ်။

Source – Xinhua

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။