Trending Now

မြစ်ကြီးနား​မြို့မ စည်ပင်စျေး COVID-19 ကာကွယ်ရေးအတွက် ညစဥ်ဆေးဖြန်း

Spread the love

မြစ်ကြီးနား​မြို့မ စည်ပင်စျေး COVID-19 ကာကွယ်ရေးအတွက် ညစဥ်ဆေးဖြန်း

EPN
မြစ်ကြီးနား၊ မတ်  ၂၅

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မ စည်ပင်စျေးကို COVID-19 ကြိုတင်ကာကွယ်ရေးအတွက် ညစဥ် ဆေးဖြန်းခြင်းဆောင်ရွက်နေကြောင်း မြစ်ကြီးနားမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

ယင်းဆေးဖြန်းခြင်းလုပ်ငန်းကို (မတ် ၂၀)နေ့က စတင်ဆောင်ရွက်​ခဲ့ပြီး မြစ်ကြီနားစည်ပင်စျေး(၁)၊ စျေး(၂)နှင့် ရေစင်ကွင်းစျေးများအတွင်းတွင် နေ့စဥ်ညဆိုင်ပိတ်သိမ်းသည့်အချိန်၌ စတင်ဆေးဖြန်းလေ့ ရှိကြောင်း မြစ်ကြီးနားမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးလှမိုးကဆိုသည်။

“ကြိုတင်ကာကွယ်တဲ့ အနေနဲ့ဖြန်းတယ်။ ညမှ ဖြန်းတယ်ဆိုင်တွေ သိမ်းတဲ့အခါပေါ့၊ ဆေးက အရမ်းပြင်းတော့ ညဖြန်းလို့ပဲရတယ်’။ စည်ပင်ဝန်ထမ်းတွေနဲ့ ဖြန်းတယ်။​ ဖြန်းတဲ့ဆေးကတော့ ရေမှာကလိုရင်း (၂)ရာခိုင်နှုန်း ဖျော်စပ်ပြီးဖြန်းတယ်’ဟု ဦးလှမိုးက ပြောသည်။

ထို့ပြင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အနေဖြင့် မြစ်ကြီးနားမြို့တွင်း လူစည်ကားသည့်နေရာအချို့တွင် လက်ဆေးသန့်စင်ရန် basin များ ပြုလုပ်ထားရှိခြင်း ကိုလည်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် စျေးများကို ပုံမှန်အတိုင်းဖွင့်လှစ်လျက်ရှိပြီး COVID-19အ​ခြေအ​နေဆိုးဝါးလာပါက အထက်မှ ညွန်ကြားချက်အတိုင်းသာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လွမ်းအောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။