Trending Now


Spread the love


EPN
မိုး
ကောင်း၊ မေလ ၁



ဂုဏ်ပြုပူဇော်ပွဲနှင့် အဋ္ဌမကြိမ်​​မြောက်ရဟန်းခံ ၊ရှင်ပြု၊ နားသ အလှူတော်မင်္ဂလာကို အလှူ့ဒါယကာ ဦးမြင်ထွေး+အလှူ့ဒါယိကာမ ဒေါ်ခင်မြင့်ဦး(မနောဧကရီကုမ္ပဏီနှင့်မြို့ပြရွှေပြည်ကုမ္ပဏီ) နှင့် သားအလှူ့ဒါယကာ+သမီးအလှူ့ဒါယိကာမတို့ဖြစ်ကြသည့် ဗိုလ်ကြီးဖြိုးမင်းဦး+မငြိမ်းငြိမ်ထွေး (သီဟဓနရာဇာကုမ္ပဏီ)၊ ကိုမျိုးဇော်​​ထွေး+မေသဇင်(မင်းမြတ်ရာဇာကုမ္ပဏီ)၊ ကိုတိုးဇော်​​ထွေး+မသင်းနွယ်စိုး(မင်းမဟာတိုးကုမ္ပဏီ)၊ ကိုရှိန်းဘိုဘိုနိုင်+မချိုလွင်​​ထွေး(တော်ဝင်​​ရွှေနိုင်ငံကုမ္ပဏီ) တို့က လှူဒါန်းပူဇော်မည်ဖြစ်ပြီးအဆိုပါပွဲတွင်နိုင်ငံကျော်အဆိုတော်များ လာရောက်​​ဖျော်​​ဖြေမည်ဟု သိရသည်
ရှင်အပါး(၁၀၀)နှင့် နားသအလှူတော်မင်္ဂလာကိုမေ(၉)ရက်​​နေ့တွင်မိုးကောင်းမြို့အတွင်း လှည့်လည်အပူဇော်ခံပြီး၊ ညအချိန်တွင်အဆိုတော်ဖြိုးကြီး၊ ဇော်ပိုင်၊ သဲထူး၊ ဇွဲလရောင်၊ အယ်ရာ၊ မိုးထက်ပိုင်၊ တူးလေး၊ နေခြည်မိုးဦး၊ အဲဏီ၊ လင်းလက်မြင့်မိုရ်၊ ထက်ထက်၊ အသင်္ချေတို့ Famouz Dancer အကနှင့်အတူ ဧည့်ခံဖျော်​​ဖြေမည်ဖြစ်သည်

မေ(၁၀)ရက်​​နေ့လည်(၁၂)နာရီအချိန်တွင်ကျင်းပမည့် ဂုဏပူဇာမင်္ဂလာကို နိုင်ကျော်​​ရွှေတံဆိပ်ဆုရှင်ခင်ပိုးပန်းချီမှဓမ္မပူဇာတေးများဖြင့် ပူဇော်မည်ဖြစ်ပြီး ညပိုင်းတွင် အဆိုတော်Rဇာနည်၊ ဖြိုးမြတ်​​အောင်၊ သဲထူး၊ ဇွဲလရောင်၊ အယ်ရာ၊ မိုးထက်ပိုင်၊ တူးလေး၊ နေခြည်မိုးဦး၊ အဲဏီ၊ လင်းလက်မြင့်မိုရ်၊ ထက်ထက်၊ အသင်္ချေတို့ Famouz Dancer အကနှင့်အတူ ရန်ကုန်မြို့ Refresh တီးဝိုင်းဖြင့်ဧည့်ခံဖျော်​​ဖြေမည်ဖြစ်​​ကြောင်းသိရသည်



ချစ်သား
—————————————————————-

 အရှင်သေဋ္ဌဉာဏလင်္ကာရအား ဂုဏ်ပြုပူဇော်ပွဲနှင့် အဋ္ဌမကြိမ်မြောက် ရဟန်းခံ၊ ရှင်အပါး(၁၀၀) ရှင်ပြု၊ နားသ အလှူတော် မင်္ဂလာပွဲ ကျင်းပမည်

EPN
မိုးကောင်း၊ မေလ ၁


ကချင်ပြည်နယ်၊ မိုးကောင်းမြို့၊ မြို့တော်ခန်းမတွင် မေလ (၉)ရက်မှ (၁၀)ရက်ထိ အရှင်သေဋ္ဌဉာဏလင်္ကာရအား ဂုဏ်ပြုပူဇော်ပွဲနှင့် အဋ္ဌမကြိမ်မြောက် ရဟန်းခံ၊ ရှင်အပါး(၁၀၀)ရှင်ပြု၊ နားသအလှူတော်မင်္ဂလာပွဲကျင်းပပြုလုပ်မည် ဟု သိရသည်။
အရှင်သေဋ္ဌဉာဏလင်္ကာရ သည် ၁၃၇၉ခုနှစ်(၇၀)ကြိမ်မြောက် တိပိဋကဓရ၊ တိပိဋကကောဝိဒရွေးချယ်ရေး စာမေးပွဲတွင် အဘိဓမ္မာနောက်ပိုင်း၊ ယမိုက်+ပဋ္ဌာန်းနှစ်ကျမ်းကို အာဂုံဆောင်ပြန်ဆိုအောင်မြင်တော်မူခဲ့ပြီး အဘိဓမ္မိကဘွဲ့တံဆိပ်တော်သင်ရိုးပိဋိကတ်သုံးပုံလုံးကို အာဂုံဆောင်ပြန်ဆိုအောင်မြင်တော်မူပြီး၍ တိပိဋကဓရဘွဲ့တံဆိပ်တော်တို့ကိုခံယူရရှိတော်မူသဖြင့်အရှင်သူမြတ်အားဂုဏ်ပြုပူဇော်ပွဲကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်းသိရသည်။


ဂုဏ်ပြုပူဇော်ပွဲနှင့် အဋ္ဌမကြိမ်မြောက်ရဟန်းခံ ၊ရှင်ပြု၊ နားသ အလှူတော်မင်္ဂလာကို အလှူ့ဒါယကာ ဦးမြင့်ထွေး+အလှူ့ဒါယိကာမ ဒေါ်ခင်မြင့်ဦး(မနောဧကရီကုမ္ပဏီနှင့်မြို့ပြရွှေပြည်ကုမ္ပဏီ) နှင့် သားအလှူ့ဒါယကာ+သမီးအလှူ့ဒါယိကာမတို့ဖြစ်ကြသည့် ဗိုလ်ကြီးဖြိုးမင်းဦး+မငြိမ်းငြိမ်းထွေး (သီဟဓနရာဇာကုမ္ပဏီ)၊ ကိုမျိုးဇော်ထွေး+မမေသဇင်(မင်းမြတ်ရာဇာကုမ္ပဏီ)၊ ကိုတိုးဇော်ထွေး+မသင်းနွယ်စိုး(မင်းမဟာတိုးကုမ္ပဏီ)၊ ကိုရှိန်းဘိုဘိုနိုင်+မချိုလွင်ထွေး(တော်ဝင်ရွှေနိုင်ငံကုမ္ပဏီ) တို့က လှူဒါန်းပူဇော်မည်ဖြစ်ပြီးအဆိုပါပွဲတွင် နိုင်ငံကျော်အဆိုတော်များ လာရောက်ဖျော်ဖြေမည်ဟု သိရသည်။


ရှင်အပါး(၁၀၀)နှင့် နားသအလှူတော်မင်္ဂလာကို မေ(၉)ရက်နေ့တွင် မိုးကောင်းမြို့အတွင်း လှည့်လည်အပူဇော်ခံပြီး၊ ညအချိန်တွင် အဆိုတော် ဖြိုးကြီး၊ ဇော်ပိုင်၊ သဲထူး၊ ဇွဲလရောင်၊ အယ်ရာ၊ မိုးထက်ပိုင်၊ တူးလေး၊ နေခြည်မိုးဦး၊ အဲဏီ၊ လင်းလက်မြင့်မိုရ်၊ ထက်ထက်၊ အသချေင်္တို့ Famouz Dancer အကနှင့်အတူ ဧည့်ခံဖျော်ဖြေမည်ဖြစ်သည်။


မေ(၁၀)ရက်၊ နေ့လည်(၁၂)နာရီအချိန်တွင်ကျင်းပမည့် ဂုဏပူဇာမင်္ဂလာကို နိုင်ငံကျော်ရွှေတံဆိပ်ဆုရှင် ခင်ပိုးပန်းချီမှ ဓမ္မပူဇာတေးများဖြင့် ပူဇော်မည်ဖြစ်ပြီး ညပိုင်းတွင် အဆိုတော်Rဇာနည်၊ ဖြိုးမြတ်အောင်၊ သဲထူး၊ ဇွဲလရောင်၊ အယ်ရာ၊ မိုးထက်ပိုင်၊ တူးလေး၊ နေခြည်မိုးဦး၊ အဲဏီ၊ လင်းလက်မြင့်မိုရ်၊ ထက်ထက်၊ အသချေင်္တို့ Famouz Dancer အကနှင့်အတူ ရန်ကုန်မြို့ Refresh တီးဝိုင်းဖြင့်ဧည့်ခံဖျော်ဖြေမည်ဖြစ်ကြောင်းသိရသည်။


ထို့ပြင် အလှူတော်မင်္ဂလာအကြိုတရားပွဲကို မေ(၈)ရက်၊ ည(၇)နာရီခွဲ အချိန်၌ ဘဒ္ဒန္တသိရိဒတ္တာလင်္ကာရ (ဒွိပိဋကဓရ၊ ဒွိပိဋကကောဝိဒ သာမဏေကျော်၊ သာသနဓဇဓမ္မာစရိယ) ဆရာတော်မှ နိဗ္ဗာန်ရောက်ကြောင်းတရားတော်များ ဟောကြားချီးမြှင့်မည်ဖြစ်သည်။


ပထမအကြိမ် ရဟန်းခံ၊ ရှင်ပြု၊ နားသအလှူတော်မင်္ဂလာပွဲကို ရှင်အပါး(၈၀)ဖြင့် ၂ဝဝဝခုနှစ်ကတည်းက စတင်ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။


ချစ်သား


 


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။