Trending Now

မြန်မာ အိမ်အကူ အမျိုးသမီးကို ညှင်းပန်းနှိပ်စက်တဲ့ စင်ကာပူ စုံတွဲကို ထောင်ဒဏ်ပြစ်ဒဏ်ပေး

Spread the love

မြန်မာ အိမ်အကူ အမျိုးသမီးကို ညှင်းပန်းနှိပ်စက်တဲ့ စင်ကာပူ စုံတွဲကို ထောင်ဒဏ်ပြစ်ဒဏ်ပေး

EPN
နိုင်ငံတကာ၊ မတ် ၁၈
 
မြန်မာအိမ်အကူ အမျိုးသမီးတစ်ဦးကို ညှင်းပန်းနှိပ်စက်မှုတွေလုပ်ခဲ့တာကြောင့် စင်ကာပူအိမ်ရှင်စုံတွဲကို စင်ကာပူတရားရုံးက ထောင်ဒဏ်ပြစ်ဒဏ်ပေးလိုက်တယ်လို့ သိရပါတယ်။ 

အိမ်အကူ မမိုးမိုးသန်းကို ညှင်းပန်းနှိပ်စက်မှုတွေအတွက် စင်ကာပူ အိမ်ရှင်အမျိုးသမီး ချုယမ်လင်း ကို ထောင်ဒဏ် သုံးနှစ် ၁၁ လ နဲ့ ငွေဒဏ် စင်ကာပူဒေါ်လာ ၄၀၀၀ ဒဏ်ရိုက်ခဲ့ပါတယ်။ ဒါ့အပြင် ခင်ပွန်းသည် တေးဝီကွီကို ထောင်ဒဏ် နှစ်နှစ် အမိန့်ချခဲ့တယ်လို့ စင်ကာပူတရားရုံးက ပြောပါတယ်။ 

အသက် ၃၂ နှစ်အရွယ်ရှိ မြန်မာအမျိုးသမီး မိုးမိုးသန်းကို စင်ကာပူ စုံတွဲက သကြားနဲ့ ဆန်တွေ ရောထားတဲ့အရာတွေကို အတင်းအဓမ္မစားခိုင်းတာ၊ အံဖတ်တွေကို စားခိုင်းတာ၊ ရိုက်နှက်ကန်ကျောက်တာတွေ ပြုလုပ်မှုအတွက် တိုင်တန်းခံရပြီးနောက် ပြစ်ဒဏ်ပေးခဲ့တာဖြစ်ကြောင်းသိရပါတယ်။ 

ညှင်းပန်းနှိပ်စက်ခံရတဲ့ မြန်မာအမျိုးသမီးကို လျှော်ကြေး စင်ကာပူဒေါ်လာ ၉၅၀၀ ပေးဖို့ စင်ကာပူစုံတွဲကို အမိန့်ချခဲ့တယ်လို့ စင်ကာပူတရားသူကြီးကပြောပါတယ်။ မြန်မာအိမ်အကူ အမျိုးသမီး မမိုးမိုးသန်းကို ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၈ ရက်နေ့က စင်ကာပူစုံတွဲအိမ်မှာ စတင်အလုပ်လုပ်ခဲ့ပြီးနောက် စင်ကာပူစုံတွဲရဲ့ ညှင်းပန်းနှိပ်စက်မှုတွေ ရင်ဆိုင်ခဲ့ရတယ်လို့သိရပါတယ်။
————————————–


EPN






Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။