Trending Now

အမေရိကန်မှာ ပထမဆုံးအကြိမ်အဖြစ် ဝက်ကျောက်ကပ်နဲ့ လူနာကို စားထိုးကုသမှုပြုလုပ်

Spread the love

အမေရိကန်မှာ ပထမဆုံးအကြိမ်အဖြစ် ဝက်ကျောက်ကပ်နဲ့ လူနာကို စားထိုးကုသမှုပြုလုပ်

EPN
နိုင်ငံတကာ၊ မတ် ၂၂

အမေရိကန်နိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် မျိုးရိုးဗီဇပြုပြင်ထားတဲ့ ဝက်ကျောက်ကပ်နဲ့ အသက် ၆၂ နှစ်အရွယ် အမျိုးသားတစ်ဦးကို အစားထိုးကုသနိုင်ခဲ့တယ်လို့ ကြာသာပတေးနေ့က ထုတ်ပြန်ခဲ့ပါတယ်။

မက်ဆာချူးဆက် အထွေထွေရောဂါကုဆေးရုံက ခွဲစိတ်ဆရာဝန်တွေဟာ လေးနာရီကြာခွဲစိတ်ကုသမှုကို ပြီးခဲ့တဲ့ စနေနေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဆလေမန်းဆိုတဲ့ အမျိုးသားလူနာဟာ ပြန်လည်ကောင်းမွန်လာတဲ့အတွက် မကြာခင် ဆေးရုံက ဆင်းခွင့်ရဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

ဆလေမန်းဟာ ၂၀၁၈ ခုနှစ်က ဆေးရုံမှာ ကျောက်ကပ်အစားထိုး ကုသမှုခံယူခဲ့ပေမယ့် ရောဂါအခြေအနေ ပြန်လည်ဆိုးရွားလာတဲ့အတွက် ယမန်နှစ်က ကျောက်ကပ်ဆေးခြင်းကို ပြန်လည်လုပ်ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။

ကျောက်ကပ်ဆေးခြင်းဆိုင်ရာ ရှုပ်ထွေးမှုတွေ ပေါ်ပေါက်လာတဲ့အတွက် ဆရာဝန်တွေက ဝက်ကျောက်ကပ်အစားထိုးကုသမှုကို အကြံပြုခဲ့တယ်လို့ ဆလေမန်းက ပြောပါတယ်။

“ဒါဟာ ကျွန်တော့်ကို ကူညီတဲ့နည်းလမ်းတစ်ခုအနေနဲ့သာမကဘဲ ရှင်သန်ဖို့ အစားထိုးကုသမှုလိုအပ်နေတဲ့ ထောင်ပေါင်းများစွာသောလူတွေကို မျှော်လင့်ချက်ပေးနိုင်တဲ့နည်းလမ်းတစ်ခုလို့ ကျွန်တော်မြင်ပါတယ်” လို့ ဆလေးမန်းက ပြောပါတယ်။

အဆိုပါအစားထိုးကုသမှုဟာ လူနာတွေအတွက် ပိုမိုလွယ်ကူစွာရရှိနိုင်တဲ့ အင်္ဂါအစိတ်အပိုင်းတွေနဲ့ အစားထိုးနိုင်ဖို့ အဓိကပန်းတိုင် ဖြစ်တယ်လို့ ဆေးရုံးက ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ လူပေါင်း ၁ သိန်းကျော် ကိုယ်တွင်းအင်္ဂါ အစားထိုးကုသမှုအတွက် စောင့်ဆိုင်းနေရပြီး အများစုဟာ ကျောက်ကပ်ဝေဒနာရှင်တွေဖြစ်သလို စောင့်ဆိုင်းနေရတဲ့အတွက် နေ့စဉ် လူပေါင်း ၁၇ ဦး သေဆုံးနေတယ်လို့ United Network for Organ Sharing က ဆိုပါတယ်။

Ref; Xinhua


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။